နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label Short-story. Show all posts
Showing posts with label Short-story. Show all posts

Wednesday, April 04, 2012

အမေရဲ့ နောက်ဆုံးသွားတစ်ချောင်း




မိစံ ကလေးမွေးပြီးတဲ့နောက် မွေးကင်းစကလေးငယ်ကို ကူထိန်းဖို့ ရွာက အသက်(၆၅)နှစ်ကျော်အရွယ် မိခင်အိုကို အိမ်ခေါ်ထားခဲ့တယ်။

တစ်နေ့မှာ ကလေးငယ်ကိုအစာကျွေးရင်းက ကလေးပါးစပ်အဟမှာ နီနီစွေးစွေးသွားဖုံးထဲကနေ အဖြူရောင် သွားပေါက်လေးတစ်ချောင်းကို မိစံတွေ့လိုက်မိတယ်။ သားရဲ့ သွားပေါက်လေးကိုတွေ့တော့ မိစံ စိတ်အရမ်းလှုပ်ရှားပြီး မိခင်အိုကို အော်ခေါ်လိုက်တယ်။

"အမေ... အမေ .. သား သွားပေါက်ပြီး အမေ.."

မိစံဘယ်လိုခေါ်ခေါ် အမေပြန်ထူးသံမကြားခဲ့ဘူး။ အမေရှိရာကို သူလှည့်ကြည့်တော့ အမေဟာ မုန့်တစ်တုံးကိုကိုင်ပြီး ငေးစိုက်ကြည့်နေတာကို တွေ့လိုက်တယ်။
Read More »

Tuesday, March 13, 2012

ဒေါသမထွက်ခင် - - အရင်ထိမ်းချုပ်ကြစို့



တစ်ခါတုန်းက အရမ်းဒေါသထွက်လွယ်တဲ့ကောင်လေးတစ်ယောက်ရှိတယ် ။ သူ့အဖေက သူ့ကို တူတစ်ချောင်းနဲ့ သံတွေထည့်ထားတဲ့အိတ်တစ်အိတ်ပေးပြီး ပြောတယ် ။

“ သား မင်း ဒေါသထွက်လာတဲ့အခါ မင်းကိုယ်မင်း မထိမ်းနိုင်တဲ့အခါမျိုးမှာ အိမ်ဘေးက ခြံစည်းရိုးမှာ သံတစ်ချောင်းသွားရိုက်ပါ ”

ပထမရက်မှာ ကောင်လေးဟာ ခြံစည်းရိုးမှာ သံ ၃၇ ချောင်းရိုက်ခဲ့တယ် ။ ဒီလိုနဲ့ နောက် တစ်ပတ်လောက်မှာ သူဟာ သူ့ဒေါသကို တဖြည်းဖြည်း ဘယ်လိုထိမ်းရမယ်ဆိုတာ သိလာခဲ့တယ် ။

တဖြည်းဖြည်း ခြံစည်းရိုးမှာ ရိုက်ရတဲ့ သံချောင်းအရေအတွက်ကလည်း နည်းလာခဲ့တယ် ။ ကောင်လေးဟာ တဖြည်းဖြည်းနဲ့ ခြံစည်းရိုးကို သံချောင်းတွေရိုက်ရတာထက် သူ့ဒေါသကို ထိမ်းရတာ ပိုလွယ်ကြောင်းသိလာခဲ့တယ် ။

 နောက်ဆုံးမှာတော့ ခြံစည်းရိုးမှာ သံတစ်ချောင်းမှ မရိုက်တဲ့နေ့ ၊ သူဒေါသလုံးဝမထွက်တဲ့နေ့ ရောက်လာခဲ့တယ် ။ သူဟာ အဲဒီအကြောင်း သူ့အဖေကိုပြောခဲ့တယ် ။ အဲဒီအခါ ကောင်လေးရဲ့အဖေက ကောင်လေးကို ခြံစည်းရိုးနားခေါ်သွားပြီး တစ်နေ့ခြင်းစီမှာ သူရိုက်ခဲ့တဲ့သံတွေကို ပြန်နှုတ်စေခဲ့တယ် ။
Read More »

Tuesday, March 06, 2012

ပျောက်ရှသွားတဲ့ ဖော်ဝက်မေးလ်



from နိုင်းနိုင်း စနေ by နိုင်းနိုင်းစနေ

အီးမေးလ်သုံးသူတိုင်း ဖော်ဝက်မေးလ် Fwd:နဲ့ အကျွမ်းဝင်ကြမယ်၊ ဖော်ဝက်မေးလ်တွေ လက်ခံရရှိဖူးသလို မေးလ်တွေကိုလည်း ဖော်ဝက်လုပ်ဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်မလည်း အီးမေးလ်သုံးစမှာ ဖော်ဝက်မေးလ်တွေကို ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဆီ အများအပြားဖော်ဝက်ခဲ့ဖူးသူပါ။ အခုလည်း တချို့တချို့သူတွေဆီကနေ ဖော်ဝက်မေးလ်တွေကို ပုံမှန်လက်ခံရရှိနေသူဖြစ်ပါတယ်။ ဖော်ဝက်မေးလ်ဆိုတာ ကိုယ်ဖတ်လို့ကြိုက်နှစ်သက်တဲ့ မေးလ်တချို့ကို ကိုယ်သိတဲ့သူတွေဆီ အဆင့်ဆင့် လက်ဆင့်ကမ်းတာဖြစ်တယ်။ တချို့ကလည်း ဖော်ဝက်မဟုတ်ဘဲ အင်တာနက်ပေါ်မှာ ဖတ်မိတဲ့ ကြိုက်နှစ်သက်တဲ့စာတွေကို သူငယ်ချင်းတွေဆီ စုပို့ပြီး ပြန်မျှဝေတာဖြစ်တယ်။ ကိုယ်စိတ်ဝင်စားရာ စာတွေကို ရွေးချယ်ဖတ်ပြီး ပို့ကြတာဖြစ်ပါတယ်။

မတူတဲ့လူတွေဆီကနေ ဖော်ဝက်မေးလ်အမျိုးမျိုး ကျွန်မဆီရောက်လာတတ်တယ်။ အဲဒီမေးလ်တွေထဲမှာ နိုင်ငံရေး၊ သတင်း၊ ဆောင်းပါး၊ သီချင်း၊ တရားဓမ္မ၊ သမိုင်းအကြောင်း... စတာတွေပါတယ်။ ဖော်ဝက်မေးလ်ပို့သူအများစုကို ကျွန်မ မသိပါဘူး။ သူတို့ရဲ့ mail listထဲမှာ ကျွန်မရဲ့မေးလ်လိပ်စာပါနေလို့ မေးလ်တွေစုပို့ရာက ကျွန်မဆီလည်း ရောက်လာတာဖြစ်တယ်။ ဖော်ဝက်မေးလ်ပို့တတ်သူတွေက တစ်ကြိမ်ပို့ရင် မေးလ်တစ်စောင်ထဲ ပို့တတ်တာမျိုးမဟုတ်ဘဲ ၄,၅စောင်ကို တပြိုင်ထဲပို့တတ်ကြတယ်။ တစ်ခါခါ မေးလ်ဘောက်စ်မှာ မျက်စိရှုပ်လွန်းမတတ် များပြာတဲ့ဖော်ဝက်မေးလ်တွေကြောင့် မေးလ်ပို့သူတွေရဲ့နာမည်ကို ကျွန်မကောင်းကောင်း မှတ်မိနေတတ်တယ်။
Read More »

Saturday, March 03, 2012

ကိုယ်တိုင်ဖန်ဆင်းယူတဲ့အရာ



မိုးညတစ်ညမှာ သူတောင်းစားတစ်ဦးဟာ သူကြွယ်အိမ်တစ်အိမ်နားရောက်လာပြီး ထမင်းကျန်ဟင်းကျန် ပေးသနားဖို့ တောင်းရမ်းခဲ့တယ်။ ဒါကို သူကြွယ်အိမ်ခြံစောင့်က မောင်းထုတ်တယ်။ သူတောင်းစားက အထဲဝင်ပြီး မိုးစိုနေတဲ့ အဝတ်အစားတွေကိုခြောက်အောင် မီးကင်ချင်တယ်လို့ ခယတောင်းပန်တယ်။ ငွေကြေးစွန့်စရာမလိုဘဲ အဝတ်ခြောက်ရုံမို့ ခြံစောင့်က ဝင်ခွင့်ပြုလိုက်တယ်။ သူတောင်းစားဟာ အဝတ်တွေကို မီးကင်ရင်း ကျောက်ခဲဟင်းရည်ချက်ဖို့ ခြံစောင့်ဆီမှာ အိုးတစ်လုံးငှားတယ်။ "ကျောက်ခဲဟင်းရည်"က ခြံစောင့်ကို ထူးဆန်းအံ့သြသွားစေတယ်။ အဲဒီလိုနဲ့ သိလိုစိတ်ကြောင့် အိုးတစ်လုံးပေးလိုက်တယ်။ သူတောင်းစားက ကျောက်ခဲတချို့ကိုကောက်ပြီး ရေစင်အောင်ဆေးတယ်။ ပြီးတော့ အိုးထဲရေထည့်ပြီး ပြုပ်လိုက်တယ်။

ရေဆူလာတော့ တစ်ဇွန်းခပ်မြည်းပြီး "ကောင်းလိုက်တာ.. ဒါပေမယ့် ဆားနည်းနည်းထည့်ရင် ပိုအရသာရှိမှာပဲ"လို့ဆိုတယ်။ ခြံစောင့်က သူ့ကိုဆားပေးလိုက်တယ်။ သူတောင်းစားက ဟင်းရည်တစ်ဇွန်းမြည်းလိုက် ခြံစောင့်ကတစ်မျိုးပေးလိုက်နဲ့ ပဲတချို့ပေးတယ်၊ ဟင်းခတ်အမွှေးအကြိုင်တချို့ ပေးတယ်။ နောက်ဆုံးမှာ အသားတချို့တောင်ပေးလိုက်ရတယ်။ နောက်ဆုံး ဟင်းရည်ကျက်တော့ သူတောင်းစားက ကျောက်ခဲတွေကိုဆယ်ပြီး လွင့်ပစ်လိုက်တယ်။ ဟင်းကောင်းတစ်ခွက်ကို သူရသွားတော့တယ်။

Read More »

Thursday, March 01, 2012

သကြားထက် ချိုသောအရာ


အသက် အတော်ကြီးနေပြီဖြစ်တဲ့ လူကြီးတစ်ယောက်ဟာ အေးစက်မှုန်မှိုင်းနေတဲ့ လမ်းဘေး ပလက်ဖောင်း လေး တစ်ခုပေါ်မှာ ထိုင်နေခဲ့ပါတယ်။ မုတ်ဆိတ် ပါးသိုင်းမွေး ပရဗျစ်၊ စုတ်ပြဲညစ်နွမ်းနေတဲ့ အ၀တ်အစားတွေနဲ့ လမ်းဘေးမှာ ထိုင်နေတဲ့ သူ့ကို လမ်းသွား လမ်းလာ လူတွေက သာမန်ကာလျှံကာ ကြည့်သွားကြရုံက လွဲလို့ဘယ်သူကမှ အရေးတယူ မရှိကြပါ။ ဟုတ်ပါတယ်လေ အိမ်မရှိ ယာမရှိ တောင်းရမ်းစားသောက်နေတဲ့ သူ့လိုလူ တစ်ယောက်ကို ဘယ်သူကများ ဆေးဖော်ကြောဖက် လုပ်ချင်ပါ့မလဲ။ ရေခဲလုမတတ် အေးချမ်းလွန်းတဲ့ ခုလိုချိန်မျိုးမှာ စုတ်ပြဲနေတဲ့ သူ့ကုတ်အင်္ကျီ အဟောင်းလေး ထက်စာရင် နွေးနွေးထွေးထွေး ထူထူထဲထဲရှိမဲ့ အင်္ကျီမျိုးက သူ့အတွက် သိပ်ကို လိုအပ်နေမှာတော့ အမှန်ပါ။

ဒီအချိန်လေးမှာ အသက် ၃၅နှစ်အရွယ်ခန့်ရှိတဲ့ အမျိုးသမီး တစ်ယောက်ဟာ ပလက်ဖောင်းလေးအတိုင်း လမ်းလျှောက် လာနေပါတယ်။ ပလက်ဖောင်းပေါ် လျှောက်လာရင်းနဲ့ အမျိုးသမီးဟာ ထိုအဖိုးအို အနားကို အရောက်မှာ ခြေစုံရပ်တန့်လိုက်ပါတော့တယ်။ ပြီးတော့ သူ့ကို ငုံ့ကြည့်လိုက်ကာ “ ဦးလေး.. ရှင်နေကောင်းရဲ့လား” လို့ နှုတ်ခွန်းဆက် စကား ဆိုလိုက်ပါတယ်။ ကြည့်လိုက်တာနဲ့ အမျိုးသမီးဟာ ချမ်းချမ်းသာသာ အထက်တန်း လွှာထဲက ဖြစ်မယ်ဆိုတာ အဖိုးအိုက သိလိုက်ပါတယ်။ သူမဟာ လှပသစ်လွင်တဲ့ ထူထူထဲထဲ ကုတ်အင်္ကျီကို ၀တ်ဆင် ထားပြီး သန့်ရှင်းသပ်ရပ်လို့နေပါတယ်။ ပြီးတော့လဲ သူမကို ကြည့်ရတာ ငတ်မွတ်ခြင်း၊ ဆာလောင်ခြင်း ဆိုတာကို ဘယ်သောအခါမှ ခံစားခဲ့ရဖူးပုံ မပေါ်ပါ။ ဒီလို အမျိးသမီး တစ်ယောက်က သူနဲ့ လာပြီး စကားပြောဆို ပတ်သက်ဖို့ဆိုတာ အကြောင်းကို မရှိဘူးလို့ သူကထင်လိုက်ပါတယ်။ ဒီအမျိုးသမီးဟာလည်း တစ်ခြား လမ်းသွား လမ်းလာတွေလိုဘဲ သူ့ကို ရယ်စရာလုပ်ဖို့ စနောက်ဖို့ သက်သက်နဲ့ စကားလာပြောနေတာသာ ဖြစ်မှာပါ။ ဒါကြောင့်လဲ အမျိုးသမီးကို “ ခင်ဗျား ကိုယ့်လမ်းကို သွားပါ။ ကျုပ် တစ်ယောက် တည်း အေးအေး နေနေတာကို မနှောက်ယှက်စမ်းပါနဲ့ ” လို့ အော်ဟစ်ပြီး ပြောလိုက်ပါတယ်။
Read More »

Tuesday, December 27, 2011

ကျားမေမေ


From:futurestars-mm, by: ကိုရင်ကျော်


Times မဂ္ဂဇင်းက ၂၀၁၁ခုနှစ်အတွက် ကမ္ဘာပေါ်မှာ သြဇာတိက္ကမအကြီးမားဆုံး လူ ၁၀၀ ကိုရွေးချယ်လိုက်တဲ့ထဲမှာ သူမဆိုတဲ့ အေမီချွား (Amy Chua)ပါဝင်ပါတယ်။ သူမဟာ တရုတ်လူမျိုးပါ။ ၁၉၆၂ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။ သူမဟာ ယေး ဥပဒေကျောင်းနဲ့ ၂၀၀၁ခုနှစ်မှာ ဆက်သွယ်ခဲ့ပါတယ်။ သူမဟာ ပညာသင်ကြားပေးခြင်း အသက်မွေးမှုလုပ်ငန်းမလုပ်ခင် ဥပဒေနဲ့ ဆိုင်တဲ့ ကော်ပိုရေးရှင်းတွေမှာ လုပ်ကိုင်ခဲ့တယ်။ သူမဟာ နိုင်ငံတကာစီးပွားရေးလုပ်ငန်း၊ ဥပဒေ၊ ဖွံ့ဖြိုးတိုးတက်မှု၊ လူနေမှုဓလေ့ထုံးစံ၊ ကမ္ဘာရွာသဘောတရားတွေကို အထူးပြုလေ့လာခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာ Battle Hymn of the Tiger Mother ဆိုတဲ့ ကျားမေမေ၏တိုက်ပွဲခေါ်သံ ဆိုတဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိကို ရေးသားထုတ်ဝေခဲ့တယ်။ ဒီစာအုပ်ကြောင့် တစ်နိုင်ငံလုံး လှုပ်လှုပ်ရှားရှားဖြစ်သွား ရတယ်။

Read More »

Monday, December 26, 2011

ကြွက်ထောင်ချောက်(ဆရာဖေမြင့်)


From:mmcfamily, by:winaunghtwe


တစ်ခါတုန်းက….

ကြွက်တစ်ကောင်က လယ်သမားအိမ်ထဲ အိမ်နံရံပျဉ်နှစ်ချပ် စပ်ကြားက ဟနေတဲ့နေရာ အကြားကနေ ချောင်းကြည့်တော့ လယ်သမားနဲ့ သူ့မယား အထုပ်တစ်ထုပ်ဖြေနေတာ တွေ့ရတယ်။

အထဲမှာ စားစရာများပါလေမလား၊ ပါရင် ငါများ တနည်းနည်းနဲ့ စားရလေမလား၊ မျှော်လင့်တဲ့ စိတ်နဲ့ စောင့်ကြည့်တော့၊လားလား..စားစရာမုန့် မဟုတ်၊ နာစရာ တုတ်ဖြစ်နေတယ်။

Read More »