
လူတိုင်းရဲ့ ရင်ထဲမှာ ခံစား ချက်တွေ ကိုယ်စီ ရှိကြ ပါတယ်။ ပျော်ရွှင် စရာ ခံစား ချက်တွေ ၊ ၀မ်းနည်း စရာ ခံစားချက်တွေ ၊ မကျေနပ် စရာ ခံစား ချက်တွေ စတဲ့ ခံစား ချက်တွေနဲ့ အစုံပေါ့။ ဒီခံစား ချက်တွေကို တစ်ခါ တစ်လေမှာ ရင်ဖွင့် ချင်ကြတယ်။ တစ်စုံ တစ်ယောက်ကို အဓိက ဦးတည်ပြီး ရင်ဖွင့် ချင်ကြ ပါတယ်။ ဒါပေမဲ့ သူသိ သွားရင် ဟားခံ ရမှာလည်း စိုးရိမ် သလို ၊ သူသိရင် ကိုယ့်ကို အပစ်ပြောမှာ ကိုလည်း စိုးရိမ် ကြတာ လူ့ သဘာဝလို ဖြစ်နေ ပါတယ်။ အခုချိန်မှာ Social Media Website တွေ ဖြစ်ကြတဲ့ Facebook တို့မှာ တင်ပြန် ရင်လည်း ကိုယ့်ရဲ့ နာမည်နဲ့ ဆိုတော့ အဆင် မပြေပြန်ဘူး ဖြစ်နေ ပြန်ရော။
ဒီအတွက် ပူစရာမလိုတဲ့ Application လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီ Application လေးကို Hush လို့ခေါ်ပါတယ်။ ဘာသာပြန်အရကြည့်မယ်ဆိုရင်တော့ Hush ဆိုတာ တိုးတိုးတိတ်တိတ်လေးနေတာပေါ့။ ဒီ Meaning လေးအတိုင်းပါပဲ Hush ဆိုတာ မိမိရဲ့ ခံစားချက်တွေကို လူမသိသူမသိ ဖွင့်ထုတ်နိုင်တဲ့ Application လေးပါ။ ဒီ Application ကို မြန်မာနိုင်ငံရဲ့ နည်းပညာ လူငယ်တို့က ရေးသားထားပြီး နိုင်ငံတကာရဲ့ စောင့်ကြည့်ခြင်းကို ခံနေရတဲ့ Application လေးတစ်ခုလည်း ဖြစ်ပါတယ်။ ဒီ Application လေးဟာ အသုံးပြုရရိုးရှင်းသလောက် ၊ အလွယ်တကူလည်း Sign Up ပြုလုပ်နိုင်ပါတယ်။
ဒီ Application ကို အသုံးပြုသူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် သိစရာမလိုပဲ Add စရာလည်း မလိုပါဘူး။ ၂ မိုင်ပတ်လည်မှာ ရှိနေတဲ့ Hush Application အသုံးပြုသူအချင်းချင်း အပြန်အလှန် ခံစားချက်တွေမျှဝေနိုင်ပြီး ၊ သူများရေးသားထားတဲ့ Status တွေရဲ့အောက်မှာ အပြန်အလှန် Comment ရေးသားခြင်း ၊ Sticker Comment များပေးနိုင်ခြင်းတို့ပြုလုပ်နိုင်ပါတယ်။ ဒါကြောင့် မိမိခံစားချက်တွေကို ဘယ်သူမှ မသိအောင် မျှဝေနိုင်တဲ့ ပျော်စရာ Social Application တစ်ခု ဖြစ်တဲ့ Hush Application ကို အခုပဲ သင့် Mobile Phone ထဲမှာ install လုပ်ပြီး မိမိခံစားချက်တွေကို သူငယ်ချင်းတွေကို ထုတ်ဖော်ပြောပြလိုက်ပါ။ Android နဲ့ iOS နှစ်မျိုးစလုံးအတွက် ထုတ်ထားတဲ့အတွက် မိမိစိတ်ကြိုက် Phone အတွက် အသုံးပြုနိုင်ပါတယ်။
အောက်က link မှာ Download ပြုလုပ်နိုင်ပါတယ်။
From : ဝင်းကမ္ဘာကျော် by Aung Ko Htet

- ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
- ၅ စက္ကန့် စောင့် စရာ မလိုပါ။
- ဘာ << SKIP AD >> မှ ချိတ် မထားပါ။
- ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
- ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
- အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
- မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
- ရွှင်လန်းချမ်းမြေ့ကြပါစေ...။