နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label Timi. Show all posts
Showing posts with label Timi. Show all posts

Monday, February 09, 2015

Timi ဖုန်း T16 4.4.2 ဗားရှင်း အားလုံးကို တစ်ချက်တည်းနဲ့ Root လုပ်ပြီး မြန်မာစာ ထည့်မယ်




မင်္ဂလာပါ
အခု နောက်ပိုင်း ဒီဇိုင်း ကောင်းကောင်းနဲ့ သေသပ် လှပပြီး အရမ်း စမတ်ကျတဲ့ ဖုန်းတစ်မျိုး ရှိပါတယ်။

အဲဒီ ဖုန်းကတော့ Timi ဖုန်းပဲ ဖြစ်ပါတယ်။

လူသိတော့ နည်းပါသေးတယ် ထိုင်းမှာတော့ အရမ်း ခိုက်စားနေပြီ ဈေးကလည်း သင့်တော်တော့
လူသုံး တော်တော် များတယ်။ မြန်မာစာ စနစ်တော့ ဗမာ ဆိုပြီး တိုက်ရိုက် ပါလာပေမယ့် စာရိုက်
ရတာပဲ ဖြစ်ဖြစ် တစ်ဖက်က ပို့လာသော စာကိုပဲ ဖြစ်ဖြစ် စာအမှန် မဖတ်နိုင်ပါ၊ ပိုဆိုးတာ တစ်ခုက
တော့ FB မှာ မြန်မာစာကို ကောင်းကောင်း မမြင်ရ တာပါ။

ကျနော် ဒီဖုန်းကို Root လုပ်ယူတာ နှစ်ပတ် ရှိနေပါပြီ။ ပထမ တစ်ပတ်တုန်းက Root Tool တွေသာ
စုံသွားတယ်။ မျက်လုံး မှုန်ပြီး ခေါင်းသာ ကိုက်တယ် လုံးဝ အဆင်မပြေပါဘူး။ ဆရာ အချို့ကိုလည်း
အကူအညီ တောင်းပါသေးတယ်။ ဒါပေမယ့် လက်လျှော့ လိုက်ရပါတယ် ရင်ဘတ်ထဲမှာတော့တစ်ခု
ခု ဆို့နင့်နေသလို ခံစားလိုက်ရတယ်။

ကဲ ဒီအပတ်တော့ မရ ရအောင် ကြိုးစား လာခဲ့တယ် ခင်ဗျား

Timi ဖုန်းလား ဗားရှင်း 4.4.2 လား Root လုပ်ရ တော်တော် ခက်နေသလား တစ်ချက် တည်းနဲ့ Root
လုပ်နိုင်ပါပြီ၊ မြန်မာစာ လား ၀ိုင်းစက်နေအောင် မြင်ရ တယ်နော် အောက်မှာ Tutorial ကိုသာ ဆက်
ကြည့်လိုက်ပါ။

၁။ ပမထဦးဆုံးကို Root လုပ်ရန် Kingo Root နောက်ဆုံး ဗားရှင်းကို အောက်ကလင့်မှာ ရယူလိုက်ပါ၊
ပြီးရင် ကွန်ပျူ တာမှာ အင်စတော လုပ်လိုက်ပါ။

kingoapp.com
OR
dev-host.com

၂။ ဖုန်းနဲ့ ကွန်ပျူ တာကို ချိတ်ဆက်လိုက်ပါ။
မလုပ်တတ်သေးရင် အောက်ကလင့်မှာ ၀င်ကြည့်ပါ။

samsung-download-mode

၃။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်ပြီးတာနဲ့ အောက်က ပုံလေး အတိုင်း ပေါ်နေ ခဲ့ရင်တော့ Root
ဆိုတာကို နှိပ်ပေးလိုက်ပါ။



၃။ မိနစ် အနည်းငယ် ကြာအောင် စောင့်ပါ။ ကွန်ပျူတာနဲ့ ချိတ်ဆက်ထားတဲ့ USB ကြိုးကို မဖြုတ်
မိပါစေနဲ့ အင်တာနက် ရှိနေ ရပါမယ်။ ဖုန်းဟာ Restart တစ်ကြိမ် ကျသွား ပါလိမ့်မယ်၊ ဘာမှ လုပ်
ပေးစရာမလိုပါ ဒီအတိုင်းထားလိုက်ပါ။

အောက်ကပုံလေးကို ကြည့်လိုက်ပါ Rooting လုပ်နေတာပါ။



၎။ မိနစ် အနည်းငယ် ကြာပြီးတဲ့ အခါ အောက်က ပုံအတိုင်း ပြနေ ခဲ့ရင်တော့ မိမိဖုန်းဟာ Root
Access ရရှိ သွားပါပြီ။



အပေါ်က ပုံလေး အတိုင်း ပြနေ ခဲ့ရင်တော့ Finish ကိုနှိပ်လိုက်ပါ။

ပြီးရင် ကွန်ပျူ တာနဲ့ ချိတ်ဆက်ထားတဲ့ USB ကြိုးကိုဖြုတ်လိုက်ပါ။

၅။ Root Access ရှိ မရှိ သိချင်ရင် Root Checker လေးနဲ့ စမ်းသပ်ကြည့်နိုင်ပါတယ်။

Root Checker

မြန်မာစာ အတွက် ကတော့ လွယ်ပါတယ်။

၇။ FrozenKeyboard နဲ့ MM Font installer Djjoe Man.apk ကို install လုပ်ပါ။
(install လုပ်ရန်အတွက် setting / security / unknown source အကွက်လေးကို အမှန်ခြစ်ပေးပါ)

userscloud.com

၈။ MM Font installer Djjoe Man.apk လေးကို အောက်လင့်မှာဒေါင်းယူလိုက်ပါ။

userscloud.com

အောက်ကမြင်ရတဲ့ အတိုင်းတာပါပဲ
အဆင်ပြေတယ်နော် နေကောင်းလား
သတိရနေတယ်။


One Click Root Apk ဖြင့် Root လုပ်နည်း


ကဲဗျာ ကွန်ပျူတာနဲ့ အဆင်မပြေတဲ့ ဘော်ဒါတွေ အတွက် ဒီဖုန်း အတွက် One Click Root Apk
လည်းရှိပါတယ်။

အောက်ကလင့်မှာ ဒေါင်းလော့ရယူလိုက်ပါ။

userscloud.com

One Click Root Apk နဲ့ Root လုပ်နည်း ကတော့ အထူးပြောပြ နေစရာ မလိုလောက်တော့ပါဘူး

မြန်မာစာ အတွက် ကတော့ အပေါ်မှာ ကျနော်ပြော ခဲ့ပါပြီ။ အားလုံးပဲ အဆင်ပြောကြလိမ့်လို့ မျှော်
လင့်ပါတယ်။

အားလုံးကို ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ

By : ဇူးနစ်(နည်းပညာ)
From : www.zunite.org


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »