နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label jy. Show all posts
Showing posts with label jy. Show all posts

Monday, April 17, 2017

မောင်တောမြို့ သင်္ကြန်ပွဲတော် စတင်




နှစ်စဉ် နှစ်ဆန်း ၁ ရက်နေ့မှာမှ စတင်လေ့ ရှိတဲ့ မောင်တော မြို့ရဲ့ သင်္ကြန် ပွဲကို ခရိုင် အုပ်ချုပ်ရေးမှူး ရုံးရှေ့က ဗဟို မဏ္ဍပ်မှာ နေ့လယ် ၁၂ နာရီက ဖွင့်ပွဲ အခမ်း အနား ပြုလုပ်ပြီး စတင် လိုက်ပါတယ်။



မောင်တောခရိုင်ထဲမှာ ဘူးသီးတောင်နဲ့ မောင်တော နှစ်မြို့ရှိပြီး သင်္ကြန်ပွဲကို တလှည့်စီ ကျင်းပကြပြီး အပြန်အလှန် ပူးပေါင်းဆင်နွှဲကြတာပါ။



မောင်တောသင်္ကြန်ကို ဧပြီ ၁၉ ရက်နေ့ထိ ဆင်နွှဲကြပြီး ၂၀ ရက်နေ့မှာ အလယ်သံကျော် ကမ်းခြေသင်္ကြန်ပွဲ ဆင်နွှဲပြီးမှ ပြီးဆုံးမှာပါ။



ရိုးရာအစဉ်အလာအတိုင်း ကျင်းပတဲ့ သင်္ကြန်ပွဲမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေး တင်ကျပ်ပြီး ဆင်နွှဲနေကြပါတယ်။

သတင်း၊ ဓာတ်ပုံ – ကိုအောင်

From : ဒီဗွီဘီ

Originally published at -http://burmese.dvb.no/archives/201617

Read More »