နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label lava iris. Show all posts
Showing posts with label lava iris. Show all posts

Thursday, March 19, 2015

Lava Iris 500 v4.4.2 ဖုန်းများကို အလွယ် တကူ Root လုပ်ပြီး မြန်မာစာ အမှန် ထည့်နည်း




မင်္ဂလာပါ
ဒီ တစ်ခါ ပြန်လည် မျှဝေ ချင်တာက Lava Iris ဖုန်းများနဲ့ မြန်မာစာ ပြသနာ လေးပါ။ အခု နောက်ပိုင်း အသုံးများ လာတဲ့ ဒီ စမတ် ဖုန်းဟာ ပုံပန်း အားဖြင့် အရမ်းသေသပ် လှပြီး အသုံးပြု ရတာ အဆင်ပြေ ပါတယ်။

ကျနော်လည်း ဒီဖုန်း အမျိုး အစားကို အရမ်း သဘောကျ ပါတယ် ကျစ်လစ်ပြီး ကိုင်ဆောင် ရတာလည်း အဆင်ပြေပါတယ်။ မပြေတာ တစ်ခု ကတော မြန်မာစာ လေးပါ။

ကဲဗျာ Lava Iris 500 v4.4.2 ဖုန်း မှန် သမျှကို အလွယ် တကူ Root လုပ်ပြီး မြန်မာစာ မှန်အောင် ထည့်နည်း လေးကို အားလုံး အတွက် တင်ပေး လိုက်ပါတယ်။

နည်းလမ်း (၁ )

ဒီတစ်ခါ Lava Iris 500 v4.4.2 ဖုန်း များကို Kingo Root Tool နဲ့ Root လုပ်နည်းကို ပြပေး သွားမှာ ဖြစ်ပါတယ်။

၁။ Kingo Root Apk လေးကို အောက်က လင့်မှာ ဒေါင်းလော့ ယူလိုက်ပါ။

Frozenkeyboard


၂။ ဒေါင်းလော့ ရလာတဲ့ Apk လေးကို ဖုန်းမှာ အင်စတော လုပ်ပါ။ ပြီးရင် Apk လေးကို ဖွင့်လိုက်ပါ အောက်က ပုံအတိုင်း ပေါ်နေ ခဲ့ရင်တော့
Root ဆို တာလေး ကို နှိပ် လိုက်ပါ။


၃။ မိနစ် အနည်းငယ် စောင့်ရ ပါမယ် အောက်က ပုံအတိုင် ပေါ်လာ ခဲ့ရင်တော့ Root Access ရရှိ သွားပါပြီ။


၎။ Frozen Keyboard နဲ့ MM Font installer Djjoe Man.apk ကို install လုပ်ပါ။

(install လုပ်ရန်အတွက် setting / security / unknown source အကွက် လေးကို အမှန်ခြစ် ပေးပါ)

Frozenkeyboard


၅။ MM Font installer Djjoe Man.apk လေးကို အောက်လင့်မှာ ဒေါင်းယူ လိုက်ပါ။

userscloud.com


One Click Root Apk နဲ့ Root လုပ် နည်းများ ကိုတော့ အောက်က လင့်မှာ ၀င်လေ့လာ ကြည့်လိုက်ပါ။

One Click နဲ့ Root အလွယ် လုပ်နည်း (ကွန်ပျူ တာမလို)

နည်းလမ်း (၂)

ဒီတစ်ခါ Lava Iris 500 v4.4.2 ဗားရှင်း တွေကို Kingo Root Tool နဲ့ ကွန်ပျူတာကနေ Root ဖောက် ယူနည်းကို ရှင်းပြ ပေးမှာ ဖြစ်ပါတယ်။ အောက်ပါ ပုံများသည် ကျနော် ဖုန်း Note 2 တုန်းက Tutorial သာ ဖြစ်ပါသည်၊ ဒါပေမယ့် နည်းလမ်း ကတော့ အားလုံး အတူတူ ဖြစ်ပါတယ်။

၁။ ပမဆုံး Phone USB Driver ကို အရင် ဒေါင်းလော့ ယူလိုက်ပါ ပြီးရင် ကွန်ပျူတာမှာ အင်စတော လုပ်လိုက်ပါ။

userscloud.com


၂။ Kingo Root ကို အောက်က လင့်မှာ ဒေါင်းလော့ ယူလိုက်ပါ။ ပြီးရင် ကွန်ပျူတာမှာ အင်စတော လုပ်လိုက်ပါ။

kingoapp.com

၃။ ဖုန်းကို ဖွင့် ထားပါ။ ဖုန်းကို ပါဝါ မပိတ် ထားပါနဲ့

၎။ ဖုန်းမှာ အနည်းဆုံး ဘက်ထရီး အား 50% ရာခိုင်နှုန်း လောက် ရှိနေ ပါစေ။

၅။ ဖုန်းနဲ့ ကွန်ပျူတာ ကို ချိတ်ဆက် လိုက်ပါ အောက်က ပုံလေး အတိုင်း ပေါ်လာ ခဲ့ရင် ကျနော် အနီရောင် လေးနဲ့ ၀ိုင်းပြ ထားသလို လေးထောင့် ကွင်လေးမှာ အမှန်ခြစ် ပေးပြီး OK ပေး လိုက်ပါ။


၆။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက် လိုက် ပြီးရင် Enable the USB debugging mode ဝင် ပေး လိုက်ပါ။ မလုပ်တတ် သေးရင်တော့ အောက်က လင့်မှာ ၀င်ကြည့် ပေးပါ။

Root ဖောက် တော့မယ် ဆိုရင် ပထမဆုံး သိထား ရမယ့် USB debugging on & Off

၆။ Kingo root ကို ဖွင့်လိုက်ပါ။



အပေါ်မှာ မြင်နေ ရတာ ကတော့ Kingo Root ရဲ့ အောက်ခြေ နားမှာ ကျနော် အနီရောင် လေးနဲ့ ၀ိုင်းပြ ထားတဲ့ နေရာ လေးက ဖုန်းနဲ့ ကွန်ပျူတာမှ Enable the USB debugging mode ဆိုင်ရာကို မလုပ် တတ်ရင် ပြပေး ထားတာ လေးပါ အပေါ်က ကျနော် ပြပေး ထားတာနဲ့ တူပါတယ်။

၇။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက် ပြီးလို့ Root လုပ်ရန် အသင့် ဖြစ်နေရင် Root ဆိုတာကို နှိပ်ပေး လိုက်ပါ အောက်က ပုံလေးကို ကြည့်လိုက်ပါ။



၈။ အောက်ကပုံ အတိုင်း မြင်နေ ရရင်တော့ မိမိ ဖုန်းကို စတင် Root လုပ်နေ ပါပြီ၊ အဲဒီ အချိန်မှာ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက် ထားတဲ့ USB ကြိုး လုံး ၀ ထိမိတာ ဖြုတ်မိတာ မျိုး မလုပ်မိ ပါစေနဲ့

( ဖုန်းကို Root လုပ်ဖို့ ရန်က Kingo Root နဲ့ ဆိုရင်တော့ အင်တာနက် ရှိရ ပါမည်။ )



၉။ အချိန် အနည်းငယ် ကြာ ပြီးလို့ ဖုန်းက Restart တစ်ကြိမ် ကျပါ လိမ့်မယ်။ ဘာဖြစ်နေနေ ဒီ အတိုင်း ထားလိုက်ပါ သူ့ဖာသာ သူ အလုပ် လုပ်နေ ပါလိမ့်မယ်
အောက်က ပုံအတိုင်း ပေါ်လာ ခဲ့ရင်တော့ ဖုန်းက Root Access ရရှိ သွားပါပြီ။



၁၀။ Root Access ရှိလား မရှိလား သိချင် ရင်တော့ Root Checker လေးနဲ့ စမ်းကြည့် လိုက်ပါ။

play.google.com
OR
1mobile.com

ပုံလေးနဲ့ အားမရ သေးတဲ့ သူတွေ အတွက် Video Tutorial လေး လုပ်ပေး ထားပါတယ် အောက်မှာ ကြည့်လိုက်ပါ။



မြန်မာစာ အတွက် ကတော့ လွယ်ပါတယ်။ ဖောင့်နဲ့ ကီးဘုတ် များကို အောက်က လင့်မှာ ဒေါင်းလော့ ရယူ လိုက်ပါ။

၁၁။ FrozenKeyboard နဲ့ MM Font installer Djjoe Man.apk ကို install လုပ်ပါ။

(install လုပ်ရန်အတွက် setting / security / unknown source အကွက် လေးကို အမှန်ခြစ် ပေးပါ)

Myanmar Font & Keyboard for Iris 500 4.4.2

ဖောင့်နဲ့ ကီးဘုတ်များ အလွယ် ထည့်နည်းကို အောက်က Video Tutorial မှာ ကြည့်လိုက်ပါ။



အားလုံးပဲ အဆင်ပြေ ကြ လိမ့်မယ်လို့ မျှော်လင့် ပါတယ်။

ခင်မင်လေးစားလျှက်

From : ဇူးနစ်(နည်းပညာ) www.zunite.org



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Saturday, February 28, 2015

iris ဖုန်းတွေကို လွယ်ကူစွာ Root လုပ်နည်း - VS မြန်မာစာ အမှန်100% ထည့်သွင်းနည်း




ဒီနေ့တော့ ဦးလေးကြီး တင်ပေးမှာ ကတော့ iris ဖုန်းတွေကို လွယ်ကူစွာ Root လုပ်နည်း - နှင့် မြန်မာစာ အမှန် 100% ထည့် သွင်းနည်း လေး ဖော်ပြ ပေးမှာ ဖြစ်ပါတယ်။

iris 500 ကို ဥပမာ အနေဖြင့် ဖော်ပြ ပေးမှာ ဖြစ်ပါတယ် ပြီးတော့ iris ဖုန်း မှန်သမျှ ဒီ နည်းလေးနဲ့ ဖောက်ရမှာ
ဖြစ် ပါတယ် တချို့ Website တွေမှာ တွေ့ဖူး ပါတယ် နည်း မမှန်ဘူး အဲ့ဒီတော့ တချို့ ဆို Root သာ ပေါက်သွား တယ် မြန်မာစာ ကြတော့ လုံးဝ အဆင် မပြေတာ တွေ့ ရ ပါတယ်။

ဟုတ်ပါတယ် Zaw Gyi Changer ပြောင်းပြီးလဲ မမှန် ပါဘူး ဘာလို့ မမှန် တာလဲ ဆိုတော့ တင်ပြ ပေးထားတဲ့ site တွေရဲ့ လမ်းပြ ပေးမှု အပေါ်မှာ မူတည်ပြီး သူတို့ တင်ပြထားတဲ့ အတိုင်း ပြောင်းလဲ အသုံးပြု ကြတယ် ဒါပေမယ့် ဘာမှ မထူး လာဘူး တချို့ ဆို firmware ကျသွား တာတို့ LOGO မှာ ရပ်နေ တာတို့ ဖြစ်သွား ခဲ့ပါတယ် ဒါကတော့ ဦးလေးကြီး ကိုယ်တိုင် မြင်ဖူး လာပြ ဖူးတဲ့ လူတွေကြောင့် ပြောပြပေး တာပါ firmware လာလာ ရေးခိုင်တဲ့ လူတွေဆို မနည်းတော့ ပါဘူး။

နောက်နေ့ အချိန် ရရင် firmware တင်နည်းပါ ထပ်တင် ပေးပါမယ် ခုတော့ ဒီRoot ဖောက်နည်း လေးကို အရင် လေ့လာ ရအောင် ...

ပြုလုပ်နည်း ပုံများ ကိုလည်း Downloads link ထည့်သွင်းပေး ထားပါတယ်။ အရင်ဆုံး လိုအပ်တဲ့ အရာကို အောက်မှာ အရင် ရယူပါ Kingo Root Tool နဲ့ supersu နဲ့ Keyboard and Fontinstaller and Rooting Photo ကိုတော့ zip ဖိုင် တခုထဲ ချုပ်ပြီး တင်ပေး ထားပါတယ်။

Downloads link Kingo Root Tool

zippyshare.com
OR
solidfiles.com

Downloads link Keyboard and Fontinstaller and Rooting Photo

zippyshare.com
OR
solidfiles.com

supersu apk

အကုန် down ယူပြီး ပါက အရင်ဆုံး supersu ကို အရင် သွင်းပါ ပြီးပါက Settings ကို သွားပါ ပြီး ပါက About Phone ကို ထပ် ၀င်ပါ။ Build Number ပေါ်ကို လက်ဖြင့် ၇ ချက်နှိပ် လိုက်ပါ ဒါဆို Developer options ပေါ်လာ ပါလိမ့်မယ်။
Developer options ကို ၀င်ပြီး USB debugging check မှာ အမှန်ခြစ် လိုက်ပါ။ (Point)


ပြီးပါက PCမှာ Kingo Root Tool ကို အရင် သွင်းထား လိုက်ပါ။
ပြီးပါက ဖုန်းနဲ့ PC ကို ချိတ်ဆက် လိုက်ပါ ပြီးပါက Settings ကို သွားပါ။


ပြီးပါက More-- ကို ထပ် ၀င်ပါ။


Tethering & portable hotspot ကို ထပ်ဝင်ပါ။


USB Tethering ကို အမှန်ခြစ် ပေးလိုက်ပါ။


Data Connection အင်တာနက် ဖွင့်လိုက်ပါ ဒါဆို PC နဲ့ ဖုန်း အင်တာနက် ချိတ်ဆက် လိုက်ပါ ပြီ။ ဘာလို့ အင်တာနက် ဖွင့်ပြီး ဖောက်နည်း ပြောပြ ရတာလဲ ဆိုတော့ Drivers မရှိရင် ဒီ Root Tool လေးက ပြန်ရှာပြီး ဒေါင်းယူ ပေးပါတယ် ပြီးတော့ error လဲ ကင်းပါတယ်။ အင်တာနက် မဖွင့်ပဲ ဖောက်လည်း ရပါတယ် ဒါပေမယ့် 100% မသေချာ ပါဘူး
Driverရှိနေရင်တောင် မရှိဘူးဆိုပြီး ဒီToolလေးကဖော်ပြပါတယ် ဒါကြောင့် အင်တာနက် အချိန် အနည်းငယ် သာ ပေးလိုက် ပါ သေချာပေါက် 100% သေချာ ပါလိမ့်မယ်။


ဖုန်းနဲ့ ချိတ်ဆက် ထားပါနော်
Kingo Root Tool ကို Run လိုက်တာနဲ့ သူဘာသာ သူ auto ရှာပေး ပါလိမ့်မယ် Root လို့ ပေါ်လာရင် နှိပ်ပေး လိုက်ပါ ဒီနေရာမှာ ဦးလေးကြီး ပြောပြ ချင်တာ ကတော့ အ၀ါရောင် စာသားနဲ့  Normal Mode ဆိုပြီး စာလုံးတွေ့ ရပါ လိမ့်မယ် ဒါဆို သေချာပေါက် Root ဖောက်နိုင်မှာ ဖြစ်ပါတယ် Normal Mode စာလုံး အနီ ရောင်ပြ နေရင်တော့ Root လုပ်ဖို့ မသေချာ နိုင်ပါဘူး ဖုန်းကို ကြိုး ဖြုတ်ပြီး အစကနေ ပြန်လုပ်ပါ။

အောက်က ပုံကို ကြည့်ပါ Rootလုပ်နေ ပါပြီ ခဏစောင့် ပေးပါ။



ဖုန်းထဲသို့  Kingo apk သို့ ရောက်ရှိ ပြီး connected လုပ်နေ ပါပြီ။



Drivers ထည့်သွင်း ပေးနေ ပါတယ် 100% ပြသည် အထိ စောင့်နေပါ။

သူ ဘာသာသူ Auto လုပ်ဆောင် ပေးပါ လိမ့်မယ်။



ROOT SUCCEEDED! ဖြစ်ပြီး မိတ်ဆွေတို့ ဖုန်း ပါဝါ ကျသွား ပါလိမ့်မယ်။ ပြန်တက် လာရင် Root လုပ်လို့ အောင်မြင် သွား ပါပြီ။



Andorid is Upgrading----



Zaw Gyi Changer ပြောင်းလဲတဲ့ နေရာမှာ ပြောပြ ချင်တာ ကတော့ ဒီ MMSD Smart Zawgyi နဲ့ လဲ မရ ပါဘူး MM Aio Font Changer လဲ အဆင် မပြေ ပါဘူး ဘာလို့ တချို့ website တွေမှာ ညွန်ပေး နေရ တာလဲ မသိဘူး တကယ် ကော စမ်းပြီးမှ တင် တာလား အမှန် ဆိုရင် ဒီ Zaw Gyi Changer တွေ ပြောင်း လဲရင် အခန့် မသင့်ရင် firmware ကျသွား နိုင်ပါတယ်။ လုံးဝ Deleterious (X) MMSD Smart Zawgyi and MM Aio Font Changer က iris ဖုန်းတွေနဲ့ လုံးဝ မအပ် စပ် ပါဘူး။


အပေါ်မှာ ဒေါင်းယူ လာတဲ့ ICS MM Fontinstaller ကို သွင်း လိုက်ပါ supersu ထည့်သွင်း ထားနဲ့
ဝင်လိုက် တာနဲ့ ထောက်ခံချက် တောင်းတာနဲ့ Grant ကို နှိပ် ပေး လိုက်ပါ။


မြန်မာစာ သွင်းရန် (Huawei & Other) ကို အရင် နှိပ်ပေးပြီး ဖုန်း Restart လုပ်ရန် ကို နှိပ်လိုက်ပါ။
ပါဝါ ကျပြီး ပြန်တက် လာရင် မိတ်ဆွေတို့ ဖုန်းဟာ မြန်မာစာ အကုန် မှန်ကန် နေပါပြီ။


Google - Website - သတင်း apk - Phone message စသည်တို့ အကုန်လုံး မှန်ကန် ပါတယ်။

အောက်က ပုံတွေကို လေ့လာ ကြည့်လိုက်ပါ။



From : www.ooarkar.com - By : ဦးအာကာ(Acme Mobile)


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Wednesday, January 07, 2015

Lava Iris 500,700,708 အားလုံးကို အလွယ်တကူ Root လုပ်ပြီး မြန်မာစာ မှန်အောင် ထည့်နည်း




မင်္ဂလာပါ
ဒီနေ့ ကျနော် ပြန်လည် မျှဝေချင် တာက Lava Iris ဖုန်းများနဲ့ မြန်မာစာ ပြသနာလေးပါ။

အခုနောက်ပိုင်း လူအသုံးများ လာတဲ့ ဒီ စမတ် ဖုန်းဟာ ပုံပန်းအားဖြင့် အရမ်းသေသပ် လှပြီး
အသုံးပြု ရတာ အဆင်ပြေ ပါတယ်။ ကျနော်လည်း ဒီဖုန်း အမျိုးအစားကို အရမ်း သဘောကျ
ပါတယ် ကျစ်လစ်ပြီး ကိုင်ဆောင်ရ တာလည်း အဆင်ပြေပါတယ်။

မပြေတာတစ်ခုကတော့ မြန်မာစာလေးပါ။

ကဲဗျာ Lava Iris ဖုန်း မှန်သမျှ ကို အလွယ် တကူ Root လုပ်ပြီး မြန်မာစာ မှန်အောင် ထည့်
နည်းလေးကို အားလုံး အတွက် တင်ပေး လိုက်ပါတယ်။

Lava Iris 700 ဖုန်းကိုသာ Kingo Root Tool နဲ့ Root လုပ်ရပြီး ကျန်တဲ့ Iris 500, 708 စတာ
တွေ ကိုတော့ Iroot နောက်ဆုံးထွက်လေး နဲ့ဆို အကုန်လုံးကို အလွယ် တကူ Root လုပ်ယူ
နိုင်ပါပြီ။

ကဲ lava Iris 700 ဘော်ဒါတွေ ကတော့ Kingo Root နဲ့ ရုန်းလုပ်ပြီး မြန်မာစာ ထည့်နည်းလေး
ကို ဒီလင့်မှာ ၀င်ဖတ်ပေးပါ။

၁။ ကဲ ဒီတစ်ခါတော့ ပုံမှာမြင် ရတဲ့ အတိုင်း မိမိဖုန်းက Lava Iris 708 ရဲ့ အမျိုး အစားမျိုး ဖြစ်နေ
ခဲ့ရင်တော့ Root လုပ်ဖို့ရန် အတွက် iRoot နောက်ဆုံး ထွက်လေးကို ဒေါင်းလော့ ယူလိုက်ပါ။

download iRoot

၂။ ကွန်ပျူတာနဲ့ ဖုန်းကို ချိတ်ဆက်ဖို့ Setting>>> Developer option>>>USB debugging ကို
အမှန်ခြစ် ထားပေးလိုက်ပါ။


၃။ ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက် ပြီးလို့ အောက်က ပုံအတိုင်း Root လို့ ပေါ်နေခဲ့ရင် Root
ဆိုတာကိုနှိပ်လိုက်ပါ။



၎။ မိနစ် အနည်းငယ် ကြာပြီးတာနဲ့ အောက်က ပုံအတိုင်း Root Access အောင်မြင် ပြီးကြောင်း
ပြနေပါလိမ့်မယ့်



၅။ Root checker Apk ကို install လုပ်ပြီး Root Access ရှိ မရှိ Verified ကိုနှိပ်ပါ။ Congratulation
လို့ ပေါ်နေရင် မိမိဖုန်း Root ဖောက်တာ အောင်မြင်သွားပါပြီ။

Root.Checker.Pro.v3.63.apk ကို လိုအပ်ရင် အောက်မှာ ဒေါင်းနိုင်ပါတယ်။

zippyshare.com
OR
usersfiles.com

၆။ FrozenKeyboard နဲ့ MM Font installer Djjoe Man.apk ကို install လုပ်ပါ။

(install လုပ်ရန်အတွက် setting / security / unknown source အကွက်လေးကို အမှန်ခြစ်ပါ)

FrozenKeyboard ကို အောက်ကလင့်မှာ ဒေါင်း နိုင်ပါတယ်။

my.pcloud.com
OR
zippyshare.com

၇။ MM Font installer Djjoe Man.apk လေးကို အောက်လင့်မှာ ဒေါင်းယူလိုက်ပါ။

userscloud.com
OR
usersfiles.com

၈။ Apk လေးကို အင်စတော လုပ်ပြီးလို့ မြန်မာစာ တွေနဲ့ ဆော့ဝဲရဲ့ လမ်းညွှန် အားလုံးကို မြင်နေ
ရရင်တော့ လုံးဝ သေချာ သွားပါပြီ ဒီဖောင့်လေးက မိမိဖုန်း အတွက် အလုပ် လုပ်တယ် ဆိုတာ
ပါ။ Install ဆိုတာကို နှိပ်ပေးလိုက်ပါ ဖောင့်ထည့်တာ အောင်မြင် ပြီးစီးကြောင်း ပြပြီး Reboot ချ
ခိုင်းပါလိမ့်မယ်။ Yes ဆိုတာကို နှိပ်လိုက်ပါ၊ ပြန်တက်လာတဲ့ အခါ မိမိဖုန်း Lava Iris 708 ဖုန်းအား
လုံးမှာ မြန်မာစာ လုံးဝ မှန်သွားပါပြီ ခင်ဗျား။


အားလုံးပဲ အဆင်ပြေ ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် ဘ၀ရဲ့အမောတွေ ပြေနိုင်ကြ ပါစေဟု
ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ

From : ဇူးနစ်(နည်းပညာ) www.zunite.org


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

lava iris700 ကို Root မယ် မြန်မာစာ အလွယ်ထည့်မယ်




မင်္ဂလာပါခင်ဗျား။
ဒီတစ်ခါ မျှဝေမှာက lava iris700 ကို Root မယ် မြန်မာစာ အလွယ် ထည့်နည်း လေးကို အသေး
စိတ် ရှင်းပြ သွားမှာပါ။

lava iris700 စတဲ့ ဒီလို Lava iris အမျိုး အစား စမတ်ဖုန်း တွေမှာ ဗားရှင်းက 4.4.2 တွေချည်း
များပါတယ်။ တစ်လုံးတော့ တွေ့ဖူးတယ်။ 4.2.2 ဆိုပြီးတော့ Vroot နဲ့ အဆင်ပြေ သွားတယ်...။
Version 4.4.2 ကျတော့ ဆရာကြီး Vroot လိုက်မမှီတော့ဖူး...D

ဒီလိုဖုန်းမျိုး Root လုပ်ဖူးတာ ၃ လုံးရှိပါပြီ။ လုံးဝ အောင်မြင်ပါတယ်။ အခုနောက်ပိုင်း စတိုင်လည်း
ကျ ဈေးလည်းသက်သာ ကျစ်လစ်ပြီး လူကြိုက်များလာတဲ့ စမတ်ဖုန်းထဲမှာ ထိုင်းမှာတော့ ဒီကောင်
ရှေးပြေးနေတယ်ဗျာ..။

ပထမတစ်လုံး Root လုပ်ကြည့်တယ် Root Tool ပေါင်း စုံသွားတယ်။ မရဘူး
လူက ချွေးတောင်ပြန်သွား...

Root Apk ပေါင်းလည်း စုံပါတယ်။ ပြောရရင် One Click to Root all Android in 2014 ဆိုတာ
မျိုးနည်း စမ်းတာပါ..အဟ.. ဘယ်ဟုတ်မယ်...တစ်ခု Root Apk မှ ဒီဖုန်းကို Root လုပ်နိုင်တာ
မရှိပါဘူးခင်ဗျား..။

ဘာလေး အဆင်ပြေမလဲဆိုပြီး Google တစ်ခွင် လိုက်ရှာတာ နောက်ဆုံး Kingo Root နဲ့ ကစ်
ထည့်လိုက်တာ lava iris700 Version 4.4.2 ကြီး တစ်ခါတည်း လန်ထွက် သွားတယ်ဗျို့...။

ဒါလေးကို ပြန်လည် မျှချင်နေ တာကြာပါပြီ။ ဒါပေမယ့် Root လုပ်ထားတဲ့ Screenshot & Videos
Tutorial ရှိမနေတာကြောင့် မတင်ဖြစ်တာပါ။

အခုတော့ FB ထဲ အမေးများလာတော့ အားလုံး အတွက် တင်ပေး လိုက်ပါပြီ။

ဖုန်းကို Root မစမှီ လိုအပ်မယ့် ဖိုင်များကို အောက်က လင့်တွေမှာ အရင်ဒေါင်း လိုက်ပါ။

Lava Iris USB Driver for windows

Version 4.3 အထက် 4.4.2 အထိ Root နိုင်တဲ့ Tool (Kingo Root) ကို အောက်မှာ ဒေါင်းပါ။

Kingo Root V+1.2.5 Final

Rootcheck.apk ကို အောက်က လင့်မှာ ဒေါင်းပါ

zippyshare.com
OR
userscloud.com

SuperSu apk လေးနဲ့ အသုံးပြု ချင်တယ် ဆိုရင်အောက်က လင့်မှာ ဒေါင်းပါ

zippyshare.com
userscloud.com

MM Aio Font Changer 1.0 apk ကို အောက်က လင့်မှာ ဒေါင်းပါ

zippyshare.com
OR
userscloud.com

လိုအပ်တဲ့ File ကီးဘုတ်၊ ဖောင့်တွေကို ဒေါင်းယူပြီး စလိုက်ကြ ရအောင်ပါ။

၁။ ဖုန်းကို အနည်းဆုံး battery အား 60% ရှိအောင်ထားပါ။ 100% ရှိရင် ပိုကောင်း ပါတယ်။

၂။Lava Iris USB Driver exe ကို PC မှာ install လုပ်ပါ။

၃။ Kingo Root Set up ဖိုင်ကို install လုပ်ပါ။

၎။ တစ်ချို့ ဖုန်းတွေမှာ Developer option ပျောက်နေ တတ်ပါတယ်။

ဖုန်းထဲမှာ developer option ဖော်ဖို့ အတွက် setting / more / about device ဆိုပြီး အဆင့်ဆင့်
သွားပြီးရင် အောက်ဆုံးက Build Number လေးကို ၇ ချက်လောက် ဆက်တိုက် တောက်ပေး
လိုက်ပါ။ Devoloper Option ပေါ်လာ ပါလိမ့် မယ် Devoloper Option ကို ဝင်ပြီး USB debug
ging အကွက်လေးကို အမှန်ခြစ်ပေးပါ။

၅။ Kingo Root ဆော့ဝဲကို ဖွင့်ပါ အင်တာနက် ကော်နယ်ရှင် ရှိရပါမယ်။ သူ့အလိုလို ဖုန်းမှာ လို
အပ်မယ့် ပရိုဂရမ်တွေကို install လုပ်နေပါလိမ့်မယ်။ အားလုံးပြီးရင် Root လို့ပေါ်နေတဲ့ အ၀ါ
ရောင်လေးကို တစ်ချက်နှိပ်လိုက်ပါ။ (Rooting လုပ်တုန်း Device ကြိုးများကို မဖြုတ်ပါနဲ့)

၆။ Restart ကျပြီးလို့ Congratulations & Complete ပေါ်လာ ပါမယ့် Root Access ရသွားပါပြီ။

၇။ ဒေါင်းလော့ ရလာမယ့် file များကို install လုပ်ရန် အတွက် setting / security / unknown
source အကွက်လေးကို အမှန်ခြစ်ပေးပါ။

၈။ Root checker Apk ကို install လုပ်ပြီး Root Access ရှိ မရှိ Verified ကိုနှိပ်ပါ။ Congratulation
လို့ ပေါ်နေရင် မိမိဖုန်း Root ဖောက်တာ အောင်မြင်သွားပါပြီ။

၉။ FrozenKeyboard နဲ့ MM Aio Font Changer ကို install လုပ်ပါ။

၁၀။ MM Aio Font Changerကို ဖွင့်ပါ Android Version 4.3 အထက်ဆိုတာကို install လုပ်ပါပြီ
Restart ကျပြီးလို့ ပြန်တက်လာရင် lava iris700 စတဲ့ ဒီလို Lava iris အမျိုးအစား စမတ်ဖုန်းတွေ
မှာ မြန်မာဖောင့်ရပါပြီ။

အဆင်ပြေပါစေ

From : ဇူးနစ်(နည်းပညာ) www.zunite.org


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »