နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts with label viber. Show all posts
Showing posts with label viber. Show all posts

Wednesday, July 01, 2015

Android iPhone Viber Transfer Plus 3.1.20.1




ဒါလေး ကိုတော့ နာမည်ကို မြင်ရုံနဲ့ သိကြမှာပါ။ Portable လေး ဖြစ်ပါတယ်။ Application ကိုဖွင့်တဲ့ အချိန်မှာ Device ကို တပ်ထား လိုက်ပါ။ လိုအပ်တဲ့ ITunes Update လေးတွေကို ဒီလင့်လေး မှာ ယူလိုက်ပါ။

အဆင်ပြေပါစေဗျာ...



အောက်မှာ ရယူ နိုင်ပါတယ်။

ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Tuesday, April 21, 2015

လူတိုင်း အသုံးများတဲ့ Viber Version -Viber v5.3.0.2274 Apk




Android ဖုန်း tablet တွေ အသုံးများ နေတဲ့ Viber Version အသစ်လေး တင်ပေး လိုက် ပါတယ်။ ဒီကောင်လေး ကတော့ ဒီနေ့ ထွက်တာပဲ ရှိသေး ပါတယ်။ လူတိုင်း အတွက် မရှိ မဖြစ် ဆိုရင်လည်း မမှား ပါဘူး။

ချစ်စရာ အရုပ် ကလေးတွေ ပါလာ တာကို တွေ့ ရပါတယ်။




Update OR new Version ကိုမှ သုံးချင်သူများ အတွက် အောက်မှာ ဒေါင်းယူ နိုင်ပါတယ်။

zippyshare.com


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Monday, February 09, 2015

PC အတွက် Viber မှာ zawgyi font နဲ့ ရေးမယ် ဖတ်မယ်..( Window-7 & 8 )



PC အတွက် Viber မှာ zawgyi font နဲ့ ရေးလို့ ဖတ်လို့ မရတဲ့ သူငယ်ချင်းတွေ အတွက်ပါ..

သိပြီးသူ များတော့ ကျော်သွားပေါ့ဗျာ..
PC အတွက် Viber ကို ဒီမှာ ယူပါ..
ပြီးရင် ပုံမှန်အတိုင်း install လုပ်ပါ..
install လုပ်ပြီးလို့ Viber ကို ဖွင့်လိုက်ရင် ဖုန်းနံပါတ် တောင်းပါ လိမ့်မယ်..
မိမိ နိုင်ငံ ရွေးပြီး ဖုန်းနံပါတ်ကို ရိုက်ထည့်လိုက်ပါ..
code ထည့်ဖို့ ပေါ်ပါလိမ့်မယ်.. အခုန ပေးလိုက်တဲ့ ဖုန်းထဲကို ၂ မိနစ် အတွင်းမှာ Viber က Your
Viber code is ဆိုပြီး message ပြန်ပို့ပါလိမ့်မယ်..
အဲဒီ code ကို ကွန်ပျူတာ မှာ ထည့်ပေးလိုက်ရင်.. ကွန်ပျူတာနဲ့ Viber သုံးလို့ ရသွားပါပြီ..

ဒါပေမယ့် Viber message မှာ မြန်မာစာ မမြင်ရတာ ဖတ်လို့ မရ ရေးလို့ မရတာ အတုံးလေးတွေ
ပေါ်နေတာတွေ ရှိတတ်ပါတယ်.. အဲဒီအတွက် ဒီ arialzawgyi ကို အရင်ဒေါင်းပြီး double click
ပေးလိုက်လို့ ကျလာတဲ့ အထဲက အပေါ်ဒေါင့်စွန်းက install ကိုနှိပ်လိုက်ပါ..
ဘာပဲမေးမေး ok ပဲရွေးလိုက်ပါ..
နောက်တခုက ဒေါင်းလို့ ရထားတဲ့ arialzawgyi ကို Right click ပေးပြီး copy ကူးပြီး control
panel ထဲက fonts ထဲကို သွားပြီး paste လုပ်ပေးလိုက်ပါ...
ဘာမေးမေး ok ပဲလုပ်လိုက်ပါ..

နောက်တဆင့်ကတော့ Windows 7 ဆိုရင် Desktop (right click) Properties > Personalization >
Window Color > Advance Setting ထဲက Item ကနေ message box ကိုရွေးပြီး အောက်က font
မှာ arial ကိုရွေးပြီး Apply > ok..လုပ်လိုက်ရင် windows 7 အတွက် Viber မှာ မြန်မာစာ ရေးနိုင်
ဖတ်နိုင်သွားပါပြီ..

Windows 8 နဲ့ 8.1 အတွက် ကတော့ ဒီ Windows 8 Font Changer ကို ဒေါင်းယူလိုက်ပါ..
ဒေါင်းလို့ရတဲ့ အထဲက Windows 8 Font Changer.exe ကို ဖွင့်ပြီး


ပုံမှာ ပြထားတဲ့ အတိုင်း message font မှာ Arial ကိုရွေးပြီး Apply လုပ်ပေးပြီး windows log off
လုပ်ပေး လိုက်ရင် windows 8 နဲ့ 8.1 အတွက် Viber မှာ မြန်မာလို ရေးနိုင် ဖတ်နိုင်ပါပြီ..

တခု ရှိတာက Mozilla သုံးရင် မြန်မာလို ရေးထားတဲ့ ခေါင်းစဉ်တွေကို ဖတ်လို့ မရတဲ့ ပြသနာ ရှိ
တတ်ပြန်ပါတယ်.. အဲဒီအတွက်ကတော့..



ပုံမှာ ပြထားတဲ့ အဆင့် အတိုင်း လုပ်ပေး ရုံပါပဲ..
ဒီလောက်ဆိုရင် အဆင်ပြေမယ် မျှော်လင့်ပါတယ်..။

ထပ်မံဖြည့်စွက်ချက် ... ။။

Window 10 မှ Viber မြန်မာစာ မမှန်လို့ပါ ဆိုပြီး မေးမေးနေကြလို့ အဆင်ပြေတဲ့ Myanmar Font လေး တင်ပေး လိုက်ပါတယ်။ စမ်းသပ်မိ သလောက်တော့ ဒီ Font လေးပဲ အဆင်ပြေ ပါတယ်။

အောက်မှာဒေါင်းယူပြီး Install လုပ်ပါ ပြီးရင် စက်ကို Restart ချပေးလိုက်ပါ။

Zawgyi-One Ghost Font

အဆင်မပြေဘူးဆိုရင် အောက်က Font ကိုဒေါင်းယူပြီး (Install & Replace လုပ်ပေးပါ)

Zawgyi-One Arial Font

Read more: ဆိုင်မွန်စာကြည့်ဆိုဒ်: PC အတွက် Viber မှာ zawgyi font နဲ့ ရေးမယ် ဖတ်မယ်..( Window-7 & 8 )


Posted by Unknown

by ဘလော့ခရီးသည်


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Friday, December 26, 2014

Viber တွင် Games များ ထည့်သွင်း ပေးတော့မည်




Viber က စာပေးပို့ခြင်း၊ အသံနှင့် အရုပ် ခေါ်ဆိုခြင်းများ အပြင် ဂိမ်းများကို ထည့်သွင်းပေးတော့မည်
ဖြစ် သည်။ Viber အသုံးပြု သူများ အနေဖြင့် သူတို့၏ Contacts များဖြင့် ဂိမ်းများ ကစားနိုင် သည့်
Social Feature များ ဖြစ်ပါသည်။

Android နှင့် iOS အတွက် Viber Candy Mania, Viber Pop, Wild Luck Casino ဂိမ်းသုံးမျိုးကို ၀န်
ဆောင်မှု စတင်ချိန်တွင် ထည့်သွင်းပေးမည် ဖြစ်သည်။ ပထမ ဂိမ်းနှစ်ခုတွင် Viber Sticker များဖြစ်
သည့် Violet နှင့် Legcat ဇာတ်ကောင်များ ပါရှိမည် ဖြစ်သည်။

Viber ID ဖြင့် ဂိမ်းများ ကစားရန် သူငယ်ချင်းများကို ဖိတ်ခေါ်နိုင်မည် ဖြစ်သည်။ ထို့အပြင် Gifts များ
ပေးပို့နိုင်မည် ဖြစ်ပြီး သူငယ်ချင်းများ ကစားသည့် ဂိမ်းများကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ Viber က
နောက်ထုတ်မည့် ဂိမ်းများတွင် စတစ်ကာ စတိုးမှ ဇာတ်ကောင်များကို ထည့်သွင်းပေးရန် Developer
များနှင့် ပူးပေါင်း လုပ်ဆောင်နေပါသည်။

ယခုအချိန်တွင် Viber Games များကို ဘီလာရုစ်၊ မလေးရှား၊ အစ္စရေး၊ စင်ကာပူ၊ ယူကရိန်းနိုင်ငံများ
တွင် အသုံးပြုနိုင်ပြီ ဖြစ်ပြီး ဇန်န၀ါရီလတွင် တစ်ကမ္ဘာလုံးသို့ ဖြန့်ချီမည် ဖြစ်သည်။

Myanmar Digital Life Journal မှ ကူးယူမျှဝေသည်။
https://www.facebook.com/MyanmarDigitalLife

Read More »

Tuesday, December 23, 2014

ကွန်ပျူတာ အတွက် Viber မှာ မြန်မာစာ100% အဆင်ပြေစေရန်




အားလုံးပဲ မင်္ဂလာပါ

Viber For Pc Myanmar ဖောင့် ကောင်းကောင်း မြင်နိုင်ပါတယ်။ အထူးသဖြင့် မြန်မာစာ ထည့်လိုက်လို့ Mozilla
Firefox တို့မှာလဲ မြန်မာစာ မလွဲ ပါဘူး။

ကျနော်ပေး ထားတဲ့ Font လေးကို install လုပ်ပြီး မိမိ ကွန်ပျူတာကို Restart လုပ်ပေး လိုက်ပါ။ ပြန်ပွင့် လာရင်
အခုလို မြန်မာစာ ကောင်းကောင်းရေးလို့ ဖတ်လို့ ရပါပြီ။

လိုအပ်တဲ့ (font) လေးကို​ အောက်ကလင့်မှာ Download ဆွဲတဲ့ ဘော်ဒါတွေ အဆင်ပြေစေရန် တင်ပေးထားပါ
တယ်။ ဖိုင်ထဲမှာ (Computer အတွက်) Viber Setup ဖိုင်လေးပါ တစ်ပါတည်း ထည့်သွင်းပေး ထားလို့ထွေထွေ
ထူးထူး ရှာစရာ မလိုတော့ ပါဘူး။

အရင် မိတ်ဆွေတို့ (Computer) မှာ (Run) ထားပြီးသား (Viber) ရှိနေတယ် ဆိုရင်လဲ ဖျက် စရာမလို ပါဘူး။
ဒီဖောင့်လေးက အလုပ် လုပ်ပါတယ်။သူ့ကို Right Click ဖွင့်ပြီး (install ) ဆိုတာလေး နှိပ်ပေးပြီး စက်ကို Restart
လုပ်ပေးရုံပါပဲ။



အဆင်ပြေပါစေ။

အထူးကျေးဇူးတင်ပါတယ်။

(smiley) အမုန်းတော်လေး နည်းပညာအိုင် တီ (inlove)

▼ usersfiles.com▼
OR
▼ userscloud.com ▼

From : Pyae Phyo (MMiTD) by ကိုဇော် သွင်


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Monday, December 22, 2014

Viber : Candy mania Game For Android




Candy Game လေးတွေ စိတ်ဝင် တစား ကစားတက်တဲ့ Android User တွေ အတွက် Viber: Candy mania
game လေး ပြန်လည် မျှဝေပေး လိုက်ပါတယ်။

အားလုံးနှစ်သက် စိတ်ဝင်စား မယ်လို့လဲ ထင်ပါတယ်။


အောက်ကနေသာ download ရယူပြီး ဆော့ကစား လိုက်ကြတော့နော် ။

▼ userscloud.com ▼
OR
▼ solidfiles.com ▼

Myanmar Mobile App Store မှ ကူးယူ မျှဝေသည်။


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြုလုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Tuesday, December 16, 2014

Viber v5.2.0.2415 Update



-viber update ထွက်​လာလို့ တင်​​ပေး လိုက်​ပါတယ်​။ play store ဝင်​ရန်​ အဆင်​ မ​ပြေပါက ​အောက်​ကလင့်​မှာ
ဒေါင်းယူ နိုင်​ပါတယ်​။

Apk file size 31MB ရှိပြီး -Android OS Version2.3 နှင့်​ အထက်​ရှိတဲ့ ဖုန်းများ​ပေါ်မှာ ထည့်​သွင်း ​​၍ အသုံးပြု
နိုင်​မှာ ဖြစ်​ပါတယ်​။

မိမိတို့ရဲ့ viber ကို update မတင် ရသေးသူများ အောက်မှာ download ပြီး update တင်နိုင်ပါတယ်။

ကွန်ပြူတာသမားတွေ အတွက် Viber ရဲ့ မူရင်းဆိုဒ် လင်ပါတင်ပေး ထားပါတယ်။

▼ shared.com ▼
OR
▼ viber.com ▼
OR
▼ Play Store ▼


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Saturday, December 13, 2014

Viber ကို ကြိုက်ရာ ဖုန်းနံပါတ်နှင့် အသုံးပြုနည်း



Viber ကို တခြားနိုင်ငံ ဖုန်းနံပါတ်နှင့် ဝင်ရောက် အသုံးပြုနည်း....
.
ဖုန်းခေါ် / ပြောတဲ့ အခါ မိမိက တခြားနိုင်ငံ ရောက်နေ သလို အသုံးပြုနိုင်ပြီး... တစ်ချို့အတွက်လဲ မိမိ ဖုန်းနံပါတ်
နဲ့ မသုံးချင်တဲ့ သူများ အတွက် အရမ်းကို အဆင်ပြေစေမှာဖြစ်ပါတယ်။

မိမိ ကိုယ်ပိုင်ရန် အတွက် မိမိကြိုက်ရာ နိုင်ငံရဲ့ ကိုယ်ပိုင် ဖုန်းနံပါတ် တစ်ခု ရဖို့ရန် TextFree With Voice ဆော့ဝဲ
ထဲမှာ အကောင့် တစ်ခု သွားဖွင့် လိုက်ရုံပါပဲ ။ မိမိ အတွက် ကြိုက်ရာ နံပါတ် တစ်ခုကို ရွေးချယ်ခွင့် ချပေးမှာ ဖြစ်
ပါတယ် ။ ရွေးချယ်ပြီး ပြီဆိုရင်တော့ တခြားသူက ထိုနံပါတ်ကို ရိုးရိုး Call နဲ့ ခေါ်ရင်တောင် မိမိဆီ ဖုန်းဝင်လာမှာ
ဖြစ်ပါတယ် ။

ဖုန်း တစ်လုံး ထဲမှာ ကိုယ်ပိုင် ဖုန်းနံပါတ်နှစ်ခုနဲ့ အသုံးပြုနိုင် သလို 1500 တန်ကဒ်ကို 2 သိန်းပေးပြီးလဲ ဝယ်စရာ
မလိုတော့ဘူးပေါ့ :P

ကျနော် US နံပါတ် တစ်ခု ရယူပြီး ဖွင့်ပြထား ပါတယ် US အတွက် ဖြည့်ရမည့် Zip Code ကတော့ 20505 ပါပဲ။
လုပ်နည်း ကလဲ အရမ်းကို လွယ်ကူပါတယ် အောက်မှာ ပုံနှင့် တကွလည်း ပြသ ထားပါတယ် ။

မှတ်ချက် ။ ။ မြန်မာပြည်က ကိုကို မမများနှင့် ဖုန်းနံပါတ် ရွေးချယ်ခွင့် ပေးသော အခါ ထိပ်မှာ +95 ဆိုပြီးဖြစ်နေ
ပါက ဖုန်း Settings >>> Applications Manager >>> Textfree With Voice >>> Clear data ဆိုတာ နှိပ်ပြီး
ဆေးလိုက်ပါ။ ဆေးပြီးတဲ့အခါ ဆော့ဝဲကိုပြန်ဝင်ပြီး မိမိလုပ်ထားတဲ့ နာမည်နှင့် ပတ်စဝတ်ကို ဖြည့်ကာ ဝင်လိုက်
ပါ US နံပါတ် +1 နဲ့ ပေါ်နေတာကို တွေ့ရပါမယ် :)

>> အသုံးပြုတဲ့ အခါ မိမိ Viber မှာ မပေါ်တဲ့ သူငယ်ချင်းများ ရှိပါက ထိုသူထို့ရဲ့ ဖုန်းနံပါတ်ရှေ့မှာ + ကုဒ် ထည့်
ပေးလိုက်ပါ Viber မှာ ပေါ်လာပါမယ် :)

သဘောက 095555555 ဆိုတဲ့ နံပါတ်ကို မှတ်မယ်ထား ။ +9595555555 ဆိုပြီး ရေးသားရပါမယ် ။ ရှေ့က 0
ကိုဖြုတ်ပြီး +95 ကို ထည့်လိုက်ခြင်းပါ။





အသုံးပြုပုံ ပြုနည်းကို Video နဲ့ ရှင်းပြထား ပါတယ် ။


ဖုန်းနံပါတ် ကိုယ်ပိုင် တစ်ခု ပေးတဲ့ ဆော့ဝဲတွေ မားကပ်မှာ အများကြီး ရှိပါတယ်။

Apple အတွက်လည်း ဆော့ဝဲတွေ အများကြီးပါပဲ။ လောလောဆယ်တော့ ကျနော် အကြိုက်ဆုံးဖြစ်တဲ့ Android
အတွက် တစ်ခု တင်ပေး ထားပါတယ်။ ထိုဆော့ဝဲ အပြင် မားကပ်မှာ TxetPlus ဆိုတဲ့ ဆော့ဝဲနှင့် အသုံးပြု နိုင်ပါ
တယ် :) TextFree With Voice ဆော့ဝဲကို အောက်မှာ ကြိုက်ရာ လင့်ကနေ ဒေါင်းယူနိုင်ပါတယ် :)


အဆင်မပြေမှုများ ရှိပါက မေးမြန်းလိုပါက ( သို့ ) ဒေါင်းလော့လင့်များ ဒေါင်းမရတော့ပဲ သေသွားခဲ့ပါက။ MyanmarMobileForum(MMF) ဂရုမှာ လာရောက်မေးမြန်း တောင်းဆိုနိုင်ပါတယ်။ မန်ဘာဝင်ထားကြဖို့လဲ
ဖိတ်ခေါ်ပါတယ် :)


https://www.facebook.com/groups/mmmobileforum/

အားလုံးပဲ အဆင်ပြေကြပါစေ... :)

Post By : DjjoeMan(MMF)

From : Free Mobile Sharing
http://freemobilesharing.blogspot.com.au/2014/05/viber.html#.VIufhsmZFph


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Sunday, November 23, 2014

Viber မှ Public Chat ကို အသုံးပြုနည်း



မင်္ဂလာပါ

ဒီနေ့ အသစ်တက် လာတဲ့ သတင်းတွေနဲ့ အတူ Viber မှာ Public Chat ဆိုတာ တကယ် ထပ်တိုး လာပါတယ်။
Official က မက်ဆက် တိုက်ရိုက် ပို့ပေးပါတယ်။

Viber ချစ် ပရိတ်သတ် ကြီးများ ခင်ဗျား လိုင်းဖွင်ထားရင် Viber လေးကို တစ်ချက်ကြည့် ကြည့်လိုက်ပါ Viber
Official က ပို့ပေးထားတဲ့ မက်ဆက် အသစ်လေးရောက်နေတာကို တွေ့ကြရမှာပါ။

(ဒီနေရာမှာ မိမိနေထိုင်ရာ နိုင်ငံ အလိုက် ပို့ပေးမှာဖြစ်ပါတယ်)

Public Chat ဆိုတာ သတင်း အချက်အလက် များကို လူအများဆီသို့ လွယ်ကူ လျင်မြန်စွာ ဖြန့်ချိပေးနိုင်မှာ ဖြစ်
ပါတယ်။ Viber ရဲ့ ပြောဆိုခွင့် ရှိသူပြောကြားချက် အရတော့ “ဆိုရှယ် မီဒီယာတစ်ခု အနေနဲ့ ဘယ်လို လုပ်မလဲ
ဆိုပြီး စဉ်းစားတဲ့ အခါမှာ Public Chat ဆိုတာ ပေါ်ပေါက် လာခဲ့ပါတယ်။

Public Chat သည် ကိုယ်ပိုင် အမည် တစ်ခုနှင့် စာမျက်နှာ တစ်ခု ထူထောင်နိုင်သည့် စနစ် တစ်ခုဖြစ်ပြီး အဆိုပါ
စာမျက်နှာကို Viber အသုံးပြုသူ မည်သူ မဆို Follow ပြုလုပ်နိုင်သည်ဟု သိရသည်။

ဒီလောက် ဆိုရင် Viber Public Chat ဆိုတာ မိမိ အတွက် ဘယ်လောက် တန်ဖိုး ရှိလာပြီ ဆိုတာ သဘောပေါက်
လောက်ပါပြီ။ အသုံးချတတ်သူ တစ်ယောက်သာ ဖြစ်ဖို့ လိုပါတယ်။ ကောင်းသော အလုပ်နဲ့ လူသား အကျိုးပြု
စာမျက်နှာ ဖွင့်နိုင်ကြ ပါစေခင်ဗျား။

လုပ်နည်း မသိသေးရင် အောက်မှာ ကျနော် ပုံလေးနဲ့ တစ်ကွ ရှင်းပြ ထားပါတယ်။

၁။ Viber ကို ဖွင့်လိုက်ပါ
၂။ ကျနော် အနီရောင်လေးနဲ့ ၀ိုင်းပြ ထားတာလေးကိုနှိပ်ပါ (Public Chat)


၃။ Explore ထဲ အနီရောင်ဝိုင်း ထားတာလေးကိုနှိပ်ပါ။


၎။ Explore ရဲ့အောက်မှာ Follow လုပ်မယ့် စာမျက်နှာတွေ အများကြီးပေါ်လာ ပါလိမ့်မယ်၊ မိမိ ကြိုက်နှစ်သက်
ရာ စာမျက်နှာလေးကို Follow ဆိုတာကိုနှိပ်လိုက်ပါ။


၅။ မိမိ Follow လုပ်ထားတဲ့ စာမျက်နှာလေးပေါ်လာပါလိမ့်မယ်။


၆။ မိမိ သူငယ်ချင်း Group ထဲက ဖိတ်ချင်တဲ့ ဘော်ဒါတွေကို ဖိတ်ဖို့ Invite Friend ဆိုတာလေးကိုနှိပ်ပါ။
Viber ထဲက သူငယ်ချင်းတွေ အကုန်ဖိတ်လို ရ့ပါတယ်။ မိမိကြိုက်နှစ်သက်တဲ့ စာမျက်နှာ (Group) လေး
ကိုလည်း Share လုပ်ချင်တယ် ဆိုရင် Share ဆိုတာကိုနှိပ်လိုက်ပါ။


၇။ မိမိ Group ထဲမှာ သူငယ်ချင်း တွေကို ကြည့်ချင် ရင်တော့ ကျနော် အနီ ၀ိုင်းပြထားတဲ့ နေရာကိုနှိပ်ပါ။


၈။ မိမိ Follow လုပ်ထားတဲ့ Group လေးကို မကြိုက်တော့ဖူး Group ထဲက ထွက်လိုက် ချင်ရင်တော့ Unfollow
Public Chat ဆိုတာလေးကို နှိပ်ပေးလိုက်ပါခင်ဗျား။

အားလုံးပဲ အဆင်ပြေကြ လိမ့်မယ်လို့ မျှော်လင့် ပါတယ် အတွေးသစ် အမြင်သစ်နဲ့ လူသား အကျိုးပြု စာမျက်နှာ
ကြီးတွေကို ဖွင့်နိုင်ကြပါစေ အောင်မြင်သူတွေ ဖြစ်နိုင်ကြ ပါစေဟု ဆန္ဒပြုလျှက်။

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)

http://www.zunite.org/

Read More »

Wednesday, November 05, 2014

Viber အတွက် Sticker အလန်းလေးတွေကို ဒီ App လေး ကနေ တဆင့် စိတ်ကြိုက် Free ယူရန်



Viber အတွက် Sticker အလန်းလေးတွေကို ဒီ App လေး ကနေ တဆင့် ကိုယ့်စိတ် ကြိုက် Free ယူလို့ ရပါ တယ်။
Sticker လေးတွေက တော်တော် စုံပါတယ်။ နောက်ထပ် WeChat တို့  Line တို့ အတွက်လည်း သုံးလို့ ရပါတယ်။

အသုံးလိုရင်တော့အောက်က လိပ်စာမှာ ရယူလိုက်ပါ။ အဆင်ပြေပါစေ။


**ဘယ်လိုသုံးရမယ်ဆိုတာ နည်းနည်းလေး ပြောပြမယ်နော် *

1။ Viber ထဲဝင်လိုက်ပါ။ ပြီးရင် Photo ပို့ လို့ ရတဲ့ထဲ ၀င်လိုက်ပါ။

2။ အဲ့ထဲမှာ အခုသွင်းထားတဲ့ App လေးထဲဝင်ပြီး ကိုယ်ကြိုက်တဲ့ ပုံတာ ဒေါင်းပြီး send ပေတော့ ......

▼ datafilehost ▼
(OR)
▼ 1mobile ▼

အဆင်ပြေပါစေ...

Credit : Chitmin Thu


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Friday, October 24, 2014

Android ဖုန်းမှ ကြိုးဖုန်း လိုင်းခွဲဖုန်း များသို့ တိုက်ရိုက် ခေါ်ဆိုနည်း



ဒီလိုပါ ကျနော်တို့ service သမားများ အနေဖြင့် ဖုန်းပစ္စည်းများ မှာယူလိုတဲ့ အခါ ဈေးနှုန်းလေးတွေ မေးမြန်း
ချင်တဲ့ အခါမှာ ယုဇန ပလာဇာမှ ဆိုင်များကို contact လုပ်၍ မေးမြန်းကြ ရပါတယ်။ အဲဒီလိုမေးမြန်းတဲ့အခါ
ယုဇနပလာဇာက ဖုန်းပေါ့နော် 01200747 ကို ဖုန်းခေါ်လိုက်တာနဲ့ ယုဇနပလာဇာမှ ကြိုဆိုပါတယ်မိတ်ဆွေ
ခေါ်ဆိုလိုသော လိုင်းခွဲ နံပါတ်သို့ တိုက်ရိုက် နှိပ်၍ ခေါ်ဆိုနိုင်ပါတယ်လို့ ပြောတဲ့ အခါ ကျနော်တို့က လိုင်းခွဲ
နံပါတ် ဥပမာ 2456 ကိုခေါ်ဆိုရပါတယ်။

အခုပြောပြမဲ့ နည်းကတော့ အဲဒီလို ခေါ်တဲ့ အခါ 2456 ဆိုတဲ့ လိုင်းခွဲ နံပါတ်ကို နှိပ်စရာ မလိုတော့ပဲ ကလစ်
တစ်ချက်တည်းနဲ့ ဖုန်းခေါ်ဆိုနိုင်အောင် contact list ထဲ ရိုက်ထည့် ထားပြီး ခေါ်ဆိုနိုင်အောင် ပြုလုပ်နည်းပဲ
ဖြစ်ပါတယ်။

ကဲစရအောင် Contact ကို ဖွင့်ပြီး new contact ယူလိုက်ပါ။ Mobile number နေရာမှာ ကိုယ်ခေါ်ဆိုမယ့်ဖုန်း
နံပါတ် 01200747 ကိုရိုက်ပြီး 01200747 နောက်မှာ ; လေးခံပြီး လိုင်းခွဲနံပါတ် 2456 ကိုရိုက်ထည့်ပေးပါ။

ဥပမာ 01200747;2456 ဒါဆို ရပါပြီ ။ ပြီးရင် 01200747 ကို ဖုန်းခေါ်ကြည့်ပါ။ Send the following tone?
ဆိုပြီး ဘောက်တစ်ခု ပွင့်လာပါမယ်။ ခေါ်ဆိုမယ် ဆိုရင် yes ကို နှိပ်လိုက်ရင် ရပါပြီ။

ရှင်းသွားအောင် အပေါ်မှာ ပုံလေးနှစ်ပုံ ပြပေးထားပါတယ်။

အားလုံးအဆင်ပြေကြပါစေဗျာ။

ref:MMIT

Read More »

Sunday, October 12, 2014

မြန်မာမှုပြုထားသည့် Viber Version 5.0.0



ရွှေမြန်မာများ အတွက် မြန်မာမှု ပြုထားသည့် Viber Version 5.0.0 ဖြစ်ပါတယ်။ မိမိဘာသာ စကားနဲ့ ဆိုတော့ ပိုပြီး
လွယ်ကူတာပေါ့။

ဒါကို သုံးမယ် ဆိုရင်တော့ မူလ Install လုပ်ထားသည့် Viber ကို Uninstall လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။

အသုံးပြုလိုသူများ အောက်မှာ Download ရယူနိုင်ပါပြီ

▼ solidfiles ▼
(OR)
▼ downloadmm ▼

From: http://thitsankhant.blogspot.com.au/


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန် ပြု လုပ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »