နိုင်ငံတကာနှင့် ပြည်တွင်းသတင်း၊ နည်းပညာ၊ ဆော့ဝဲလ်နှင့် ဗဟုသုတများ

အားပေးကြတဲ့မိတ်ဆွေများ

Showing posts sorted by date for query Android firmware. Sort by relevance Show all posts
Showing posts sorted by date for query Android firmware. Sort by relevance Show all posts

Tuesday, June 07, 2016

Samsung Galaxy J3 All Models Stock Firmware BY CHAN LAY (MCMM)




Samsung Galaxy J3 All Models အတွက် Stock Firmware များကို ပြန်လည် မျှဝေပေး လိုက်ပါတယ်၊ မူရင်းလင့် အတိုင်းပြန်လည် မျှဝေပေးထား တာပါ။

ဒေါင်းလော့လင့် များလည်း အဆင်ပြေမယ်လို့ ထင်ပါတယ်၊ အလိုရှိတဲ့ သူအတွက်ပါ။

ဗားရှင်းများနဲ့ Lollipop 5.0  J320R4 Model အတွက်တော့ 6.0 ဗားရှင်း ပါဝင်ပါတယ်။

တင်နည်းကတော့ ပုံမှန်အတိုင်း Odin Flash Tool ဖြင့်တင်ယူနိုင်ပါတယ်။

Download Samsung USB Driver for Windows

Download the latest Odin flashing Tool

Download Galaxy J3 All Firmware

Download Samsung J320F Firmware

OR

Download Samsung J320F Firmware

Download Samsung J320G Firmware

Download Samsung J320H Firmware

Download Samsung J320P Firmware

OR

Download Samsung J320P Firmware


Firmware Details


  • Android Version :- Lollipop 5.0 .
  • Ui Version :- Stock UI .
  • Release Date :- November 2015 .
  • Models :- J320F,  J320G, J320H,  J320P, J320R4
  • Status :- Official
  • Type :- “.Tar” file & Odin Flash Tool

Download Samsung J320R4 6.0 Firmware

How to Install Only tar.file Firmware

  1. ဒေါင်းလို့ ရလာတဲ့ Odin ကို အရင်ဖွင့် လိုက်ပါ။
  2. Odin က PDA ဆိုတဲ့နေရာမှာ Stock Rom.tar ဖိုင်ကို ထည့်လိုက်ပါ။
  3. ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
  4. Download mode = volume down + Home + power
  5. ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
  6. ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
  7. Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
  8. Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
  9. ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်းမှာ Official Firmware လေးကိုတွေ့မြင်ရပါပြီ။

How to Install Full Official Firmware

  1. ဒေါင်းလို့ ရလာတဲ့ Odin ကိုအရင် ဖွင့်လိုက်ပါ။
  2. Odin က Bootloader/PDA/Phone/CSC ဆိုတဲ့ နေရာမှာ Firmware Folder ထဲမှ ဖိုင်များကို ထည့်လိုက်ပါ။
  3. ပြီးရင် ဖုန်းကို Download mode သွင်းလိုက်ပါ။
  4. volume down + Home + power
  5. ပြီးရင် volume up တစ်ချက်နှိပ်ပေးလိုက်ပါ။
  6. ဖုန်းမှာ Download mode ၀င်ပြီဆိုရင်တော့ computer နဲ့ ချိတ်ဆက်ပေးလိုက်ပါ။
  7. Odin မှာ ဖုန်းကိုသိပြီဆိုရင် Odin က Start ဆိုတာလေးနှိပ်ပေးလိုက်ပါ။
  8. Odin မှာ PASS ပြပြီးဖုန်းမှာ Reboot ကျသွားပါလိမ့်မယ်။
  9. ပါဝါပြန်တက်လာပြီဆိုရင်တော့ ဖုန်း Official Firmware လေးကိုတွေ့မြင်ရပါပြီ။

Credit : www.gizrom.com

ဇူးနစ် (နည်းပညာ) ကိုလည်းကျေးဇူးတင်ရှိပါသည်။


My Facebook Wall- (HERE)


Read More »

Sunday, September 27, 2015

monkey test နဲ့ time service virus ရှင်းနည်းများ




1 - Money Test & Time Service Error Remove Tool ( Beta 1.0 )

အခုတလော Android OS သုံး ဖုန်းများမှာ Monkey Test & Time Service ဆိုတဲ့

malware နှစ်မျိုးရဲ့ တိုက်ခိုက်ခြင်းကို ဆိုးဝါးစွာ ခံနေကြ ရတာတွေ့ရပါတယ်။ ဒီလို အခြေအနေ တွေကျရင် ဘာတွေဖြစ်နိုင်လည်း ဆိုရင်တော့ သင့်ရဲ့ Android ဖုန်းပာာ Wifi နဲ့ Data connection ကို off ထားပေမဲ့လဲ အလို အလျောက် ပြန်ပြန် ပွင့်လာတဲ့ error ကို ရင်ဆိုင် ရပါတယ်။

အဲဒီခါကျရင် Firmware ပြန်တင်နေကြ ရတာတွေ တော်တော်ကို ကြုံတွေ့နေရ ပါတယ်။ အခု ကျတော့် သူငယ်ချင်း တစ်ယောက်ဖြစ်တဲ့ Ko Aung Myint Oo (iFix Myanmar.com ) မှ ဒီ error ကို ဖြေရှင်းတဲ့ နေရာမှာ Firmware တင်စရာ မလိုပဲ ဖြေရှင်း နိုင်ရန် bat ဖိုင်လေး တစ်ခုကို Beta 1.0 version အနေနဲ့ ဖန်တီးပေး ထားလိုက် ပါတယ်။


ဒီ bat ဖိုင်လေးကို အသုံးပြုနိုင်ရန် အတွက် သင့်ဖုန်းမှာ ROOT Access ရှိဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။

အသုံးပြုပုံ ကတော့ လွယ်ကူပါတယ်။ normal mode ကနေပဲ bat ဖိုင်လေးကို ဖွင့်ပြီး enter ခေါက်ပေး လိုက်ရုံပါပဲ။

Root access တောင်းဆို လာခဲ့ရင် Allow ဆိုတာကို နှိပ်ပေး လိုက်ရုံပါပဲ။ ဒါဆိုရင် bat ဖိုင်လေး ကနေ အလုပ် လုပ်ပေး သွားပြီး ဖုန်းကို reboot ချပေး ပါလိမ့်မယ်။ ပါဝါပြန်တက် လာရင်တော့ ဖုန်းမှာ တက်နေတဲ့ Monkey Test & Time service ဆိုတဲ့ malware လေးနှစ်ခုကို ရှင်းလင်းပေး ထားတာ တွေ့ရ ပါမယ်။

Remark >>> အလုံးတိုင်းတော့ အဆင်မပြေနိုင်ပါ။ စမ်းသပ် အသုံးပြုနိုင်ရန် ပြန်လည် မျှဝေပေးခြင်း ဖြစ်ပါတယ်။

ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

Original link - http://www.myanmarmobileapp.com/2015/09/24/money-test-time-service-error-remove-tool-beta-1-0/




2 - monkey test နဲ့ time service virus ရှင်းနည်း
ရေးသားသူ – Soe Han Htun (Myanmar Mobile User Group)

One click solution တွေ ထွက်လာပေမယ့် ရာနှုန်းပြည့် မရှင်းနိုင်ကြသေးတာကို တွေ့ရလို့ manual ရှင်းလို့ ရအောင် ရည်ရွယ်ပြီး ရေးလိုက်တာပါ။

လိုအပ်ချက်တွေအနေနဲ့ကတော့
adb command အသုံးပြုတတ်သူဖြစ်ရပါမယ်၊
ဖုန်းမှာ root access ရှိရပါမယ်၊
Busybox သွင်းထားရပါမယ်။(busybox.apk ကို playstore မှာတင် လွယ်လင့်တကူ သွင်းယူနိုင်ပါတယ်။
ပထမဆုံးကတော့ ဖုန်းကို wifi နဲ့ internet ကို ပိတ်ထားပေးပါ။
ပြီးရင် အရင်ဆုံး ဖုန်းနဲ့ computer ချိတ်ဆက်ပါမယ်။
adb command သုံးဖို့ adb.exe ရှိတဲ့နေရာမှာ shift+Right-click သုံးပြီး open command window here နဲ့ cmd box ကို ခေါ်ပါ။
ပြီးရင် အောက်ပါ cmd များကို ရိုက်ပါမယ်။

adb shell
su

(အဲ device သိဖို့တော့ လိုမယ်နော်။ အပေါ်က cmd တွေပြီးရင် # သင်္ကေတ လေးပေါ်ပါမယ်။ ဖုန်းမှာလည်း superuser request တောင်းပါလိမ့်မယ်။)
System က default အနေနဲ့က user ကို read-only permission ပဲ ပေးထားပါတယ်။ဒီတော့ လုပ်ချင်တာလုပ်လို့ရအောင် read and write permission ရအောင် mount ရပါမယ်။

mount -o remount,rw /system

လို့ ရိုက်ထည့်ပါ။ ပြီးရင် virus ရှိတဲ့နေရာတွေကို ကြည့်ပြီး နာမည်တွေ မှတ်ထားနိုင်ဖို့ ls command ကို သုံးရပါမယ်။

ls -al /system/app လို့ ရိုက်ထည့်ပါ။ ပေါ်လာသမျှထဲမှာ virus file နာမည်တွေကို မှတ်ထားဖို့ လိုပါမယ်။ virus ဟုတ် မဟုတ် အလွယ်ခွဲခြားဖို့ ကတော့ date နဲ့ ခွဲနိုင်ပါတယ်။ ပြီးတော့ permission နဂို system file တွေက rw-r-r ပါ။ virus တွေကတော့ rw-r-r မဟုတ်ကြပါဘူး။

နောက်ထပ် နေရာတွေ စစ်ရပါအုံးမယ်။

ls -al /system/xbin
ls -al /system/bin

အဲ့ဒီ xbin နဲ့ bin ထဲမှာတော့ virus file တွေဟာ နာမည် အရှေ့မှာ . လေးတွေနဲ့ ပါပါတယ်။ (ဥပမာ- .b, .si.si)
အိုခေ အရင်ဆုံး app ထဲကကောင်တွေကို ဖျက်ဖို့ busybox command သုံးပါမယ်။

busybox chattr -iaA /system/app/*

လို့ ရိုက်ထည့်ပါ။ virus file တွေက ဖျက်ချခွင့်မရှိအောင် attribute တွေပြောင်းထားပါတယ်။ဒီအတွက် အထက်ပါ cmd က attribute ပြန်ပြောင်းတာပါ။ chattr ဆိုတာက change attribute ပါ။ နောက်က (-) အနုတ်က attribute တွေ ပြန်ဖြုတ်ရင်သုံးရပါတယ်။ ထည့်ချင်ရင်တော့ + ပေါ့။ i က immutable လို့ခေါ်တဲ့ attribute ပါ။

a ကတော့ append mode only ဆိုတဲ့ attribute ပါ။ A ကတော့ Don’t track attime ဆိုတဲ့ attribute ပါပဲ။ အခုသုံးတဲ့ busybox cmd ဟာ /system/app ထဲမှာ ရှိသမျှ apk အားလုံးကို အထက်က attribute 3မျိုးဖြုတ်ချပေးတာပါပဲ။ ပြီးရင်တော့ စပြီး ဖျက်ချလို့ ရပါပြီ။အကုန်လုံးကိုတော့ လိုက်ရေးမပေးတော့ပါဘူး။ ဥပမာအနေနဲ့ cameraupdate.apk ကိုပဲ ဖျက်ပြပါမယ်။

rm /system/app/cameraupdate.apk

လို့ရိုက်ထည့်ပါ။ rm က remove ပါ။ အဲ့ဒီ rm နဲ့ app ထဲက virus တွေကို တစ်ခုချင်း စိတ်ရှည်လက်ရှည် ဖျက်ပါ။

ပြီးရင် bin နဲ့ xbin ထဲက . နဲ့စတဲ့ကောင်တွေကို ဖျက်ပါမယ်။ သူတို့ကိုတော့ app ထဲကလိုမျိုး အားလုံးကို ညွှန်းပြီး attribute ဖြုတ်ချလို့မရပါဘူး။ ထို့အတွက် တစ်ခုဖျက်ဖို့ cmd ၂ကြောင်းဂိုက်ပေးရပါမယ်။ ဥပမာအနေနဲ့ xbin ထဲက .si.si ဆိုတာကို ဖျက်ပြပါမယ်။

busybox chattr -iaA /system/xbin/.si.si
rm /system/xbin/.si.si

အထက်ပါပုံစံအတိုင်း xbin နဲ့ bin ထဲမှာ . နဲ့စသမျှအားလုံး လိုက်ဖျက်ပါ။

ပြီးရင်
ls -al /system/etc လို့ရိုက်ပါ။ အဲ့ထဲမှာ install-recovery.sh ဆိုတာ ပါခဲ့ရင် သူ့ကိုလည်း ဖျက်ပေးရပါမယ်။
အဆုံးသတ်အနေနဲ့ app ထဲကို ပြန်စစ်ပါ။

com.android.psetting.apk
com.android.psync.apk

အဲ့၂ခု ပြန်ပေါ်လာတတ်ပါတယ်။

အပေါ်က cmd တွေသုံးပြီး ဖျက်ချလိုက်ပါ။
ပြီးရင် ဖုန်းကို reboot ဆင်းလိုက်ပါ။
ပြန်တက်လာရင် ဖုန်းရဲ့ application manager ထဲသွားပြီး running မှာ com.android.ads…… စသဖြင့် အလယ်မှာ ad ပါတာတွေရယ်။ monkey test ရယ် time service ရယ်။ အဲဒီ apk တွေကို uninstall လုပ်ပေးလိုက်ပါ။

အားလုံးပြီးပါပြီ။

100% အောင်မြင်မယ် အာမမခံရဲပါဘူး။ ကျွန်တော် ရှင်းပေးတဲ့ အလုံးကိုတော့ ၁ပတ်ထိ စောင့်ကြည့်တာ ထပ်မံတက်လာခြင်း မရှိတော့ပါဘူး။
အမှားအယွင်းများ ပါခဲ့ရင် ခွင့်လွတ်ပါ။

ဟိုရေးဒီရေး မောင်ဟန်လေး

(*** ပြောဖို့ တစ်ခုကျန်သွားလို့ edit လုပ်လိုက်ပါတယ်။ တစ်ချို့ကောင်တွေမှာ /data/app ထဲမှာလည်း ဘာညာ သလကာတွေ ရှိပါကြောင်း။ ဖျက်ဖို့ သဘောတရားကတော့ တူတူပါပဲ ***)

by : Soe Han Htun (Myanmar Mobile User Group)




Money Test & Time service error ကို apk နဲ့ ဖြေရှင်းချင်သူများ အတွက်



Money Test & Time service error ကို ဖြည်ရှင်းဖို့ ကျတော် bat file လေးတစ်ခုတင်ပေးထားပါတယ်။

bat file ဆိုတော့ အားလုံး သိကြတဲ့ အတိုင်း Computer ရှိမှ အဆင်ပြေ ပါတယ်။ အခု Computer မလိုပဲ ဖုန်းကနေပဲ ဖြေရှင်းနိုင်တဲ့ apk လေး တစ်ခုတွေ့လို့ ထပ်မံ မျှဝေပေး လိုက်ပါတယ်။ Application ရဲ့နံမည်ကတော့ CM Security Antivirus Applock လို့သိရ ပါတယ်။ လောလောဆယ် ကျတော်ကတော့ သုံးမကြည့် ရသေးပါ။ သုံးဖူးတဲ့သူတွေ ကတော့ Firmware ပြန်တင် စရာ မလိုပဲ ဒီ application လေးနဲ့ အဆင်ပြေ ပါတယ်လို့ ပြောပြပေး ထားတာကြောင့် ကျတော်တို့ Android user တွေ အတွက် ပြန်လည် မျှဝေပေးလိုက် ရခြင်း ဖြစ်ပါတယ်။

application လေးအား အောက်မှာ အရင် Download ရယူလိုက်ပါ။

ဒီမှာ နှိပ်ပြီး ဒေါင်းယူပါ

လုပ်ပုံလုပ်နည်းလေး ကတော့ လွယ်ကူ ပါတယ်။ Download ပြုလုပ်လို့ ရရှိလာတဲ့ CM Security Antivirus Applock application လေးကို
install လုပ်ပြီး apk လေးထဲ ၀င်လိုက်ပါ။ ပြီးရင် Scan ဖတ်ပေး လိုက်ပါ။ ဒါဆိုရင် apk လေးထဲ ကနေ ကိုယ့်ဖုန်းမှာ ရှိတဲ့
apk တွေထဲက virus apk တွေကို ရှာပေး ပါလိမ့်မယ်။

Scan လုပ်ပေးပြီးလို့ ပြီးရင်တော့ Resolve all ကိုနှိပ်ပြီး virus apk တွေကို Delete လုပ်လိုက်ပါ။

ပြီးရင်ဖုန်းကို restart လုပ်ပေး လိုက်ပါ။ ပြန်သုံးကြည့်လို့ အဆင်ပြေတယ် ဆိုရင်တော့ ဆက်သုံးနိုင် ပါပြီ။ အဆင် မပြေရင်တော့ Factory data reset ချပြီး ပြန်သုံး ကြည့်လိုက်ပါ။

( အဆင်လုံးဝပြေမယ်လို့တော့ အာမ မခံရဲပါ။ Huawei 610 မှာတော့ အဆင်ပြေ ဖူးပါတယ်။ )

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

https://www.facebook.com/ko.htoo.3323



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Saturday, September 19, 2015

Che1-CL20 Android 4.4 Emotion UI 3.0 V100R001CHNC00B277




Honor Che1-CL20 Firmware တောင်းထားတဲ့ ညီလေး အတွက် တင်ပေး လိုက်ပါတယ်။

အီးမေးကနေ တောင်းထားတဲ့ သူများနဲ့ အတူ လိုအပ်တဲ့ သူတွေလည်း အားလုံး အောက်ကလင့် ကနေ Download ရယူ လိုက်ပါ။

Lastest Buildnumber 277 ပါ။

Honor Che1-CL20 B277 EMUI 3.0

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

Original link - https://www.facebook.com/ko.htoo.3323



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Friday, September 18, 2015

iOS 9 Download Links for iPhone / Pad / Pod touch




မိမိတို့ရဲ့ iPhone / Pad / Pod touch များမှာ iOS 9 တင်လို သူများ အတွက် စက်တင်ဘာ ၁၆ ရက် ည ၁၁ နာရီခွဲမှာ iOS 9 Firmware Update ထွက်ရှိ လာပါပြီ။

iPhone / Pad / Pod touch မှ တစ်ဆင့် တိုက်ရိုက် update လုပ်လိုသူ များကတော့ iOS ရဲ့ Setting> General > Software Update ထဲသို့ ၀င်ပြီး iOS 9 သို့ Update ပြုလုပ် နိုင်ပါတယ်။ တိုက်ရိုက် Update ပြုလုပ် ရာမှာ Fail ဖြစ်ဖြစ် နေရင်တော့ iPhone / Pad / Pod touch ကို Power ပိတ်ပြီးမှ ပြန်ဖွင့်ပါ။ ပြီးရင် Setting> General > Software Update ထဲသို့ ပြန်ဝင်ပြီး Update ပြုလုပ် နိုင်ပါပြီ။


iOS 9 တင်လို့ရတဲ့ iDevices တွေ ကတော့ အောက်ပါ အတိုင်းပါ။
  • iPhone 6, iPhone 6 Plus, iPhone 5s, iPhone 5c, iPhone 5 and iPhone 4s
  • iPad Air 2, iPad Air, iPad 4, iPad 3 and iPad 2
  • iPad mini 3, Retina iPad mini, 1st gen iPad mini
  • 6th generation iPod touch, 5th generation iPod touch
iOS 9 မှာ ပိုကောင်းလာတဲ့ အချက်တွေ ကတော့
  • -iOS ရဲ့ System Font ကို Apple Watch တွင်အသုံးပြု ထားသော San Francisco font အား အသုံးပြု ထားခြင်း
  • -Battery အားနည်းနေတဲ့ အချိန်မှာ Battery အား အချိန်အနည်းငယ် ပိုခံစေမည့် Low Power Mode ပါဝင်လာခြင်း
  • – App Switcher/Multitasking နေရာမှာ Switcher ဒီဇိုင်းပြောင်းလဲသွားခြင်း
  • -Siri နှင့်ပတ်သက်ပြီး ပိုကောင်းလာခြင်း ၊ ဒီဇိုင်းအနည်းငယ် ပြောင်းလဲသွားခြင်း
  • -iPad မှာဆိုရင် Screen ၂ ခြမ်းခွဲပြီး app ၂ ခုကို တစ်ပြိုင်နက်သုံးလို့ ရလာခြင်း
  • -နောက်ဆုံးရ သတင်းစုံကို ဖတ်ရှုနိုင်မယ့် News app ပါလာခြင်း
  • -Setting Panel ထဲမှာ Search Box ပါလာခြင်း
  • -Apple Pay နဲ့ ပတ်သက်ပြီး ပိုမိုကောင်းမွန်လာခြင်း
  • -iCloud Drive အမည်ရ app ပါလာခြင်း
  • -CarPlay လုပ်ဆောင်ချက်များပိုကောင်းလာခြင်း
  • -Notes app မှာလုပ်ဆောင်ချက်အသစ်များ ထပ်ဖြည့်ထားခြင်း
  • -iOS 8 ရဲ့အရင်ထွက်ရှိခဲ့တဲ့ iOS version များမှာ လိုပဲ ပထမဆုံး စာမျက်နှာဟာ Search ကဏ္ဍ အနေဖြင့် ပြန်ပါလာခြင်း

ကွန်ပျူတာ iTunes မှတဆင့် မိမိတို့ရဲ့ iPhone / Pad / Pod touch များကို iOS 9 Firmware တင်လိုသူများ အတွက် iOS 9 Firmware များကို အောက်က link များမှာ ရွေးချယ် ရယူနိုင် ပါတယ်။

iOS 9 Download links for iPhone:
  1. iPhone 6
  2. iPhone 6 Plus
  3. iPhone 5s (Model A1453, A1533)
  4. iPhone 5s (Model A1457, A1518, A1528, A1530)
  5. iPhone 5c (Model A1456, A1532)
  6. iPhone 5c (Model A1507, A1516, A1526, A1529)
  7. iPhone 5 (Model A1428)
  8. iPhone 5 (Model A1429)
  9. iPhone 4s
iOS 9 Download links for iPad
  1. iPad Air 2 (Model A1566)
  2. iPad Air 2 (Model A1567)
  3. iPad mini 3 (Model A1599)
  4. iPad mini 3 (Model A1600)
  5. iPad mini 3 (Model A1601)
  6. iPad Air (Model A1474)
  7. iPad Air (Model A1475)
  8. iPad Air (Model A1476)
  9. iPad mini 2 (Model A1489)
  10. iPad mini 2 (Model A1490)
  11. iPad mini 2 (Model A1491)
  12. iPad (4th generation Model A1458)
  13. iPad (4th generation Model A1459)
  14. iPad (4th generation Model A1460)
  15. iPad mini (Model A1432)
  16. iPad mini (Model A1454)
  17. iPad mini (Model A1455)
  18. iPad Wi-Fi (3rd generation)<
  19. iPad Wi-Fi + Cellular (model for ATT)
  20. iPad Wi-Fi + Cellular (model for Verizon)
  21. iPad 2 Wi-Fi (Rev A)
  22. iPad 2 Wi-Fi
  23. iPad 2 Wi-Fi + 3G (GSM)
  24. iPad 2 Wi-Fi + 3G (CDMA)
iOS 9 Download Links for iPod touch
  1. iPod touch (5th generation)
  2. iPod touch (6th generation)
iOS 9.0 Release Notes (What’s new on iOS 9)

Intelligence

• Proactive assistance
Presents relevant information even before you start typing
Notifies you when you need to leave for appointments using traffic conditions
Learns what you listen to in a certain location or at a particular time of day and can automatically display playback controls for your preferred music and audio apps
Suggested events and contact details are added to apps based on information found in Mail
Siri improvements
Search your personal photos and videos based on dates, locations and album names
Ask Siri to remind you about things you’re looking at in your apps, including Safari, Mail, Notes and Messages
Request directions via public transit

• Spotlight search improvements
Get sports scores, weather conditions and stock prices
Simple math calculations and conversions
Initiate messages, phone calls and FaceTime calls from contact search results

New iPad Features

Slide Over
Quickly use a second app without leaving the one you’re in
Easily switch between Slide Over apps
Support for Apple apps and enabled third party apps

Split View
View and interact with two apps at once
Ability to resize your view to give equal attention to both apps or prioritize one app over another
Support for Apple apps and enabled third party apps

Picture in picture
Continue watching a video while using your favorite apps
Support for Safari video, FaceTime, Videos and Podcasts and enabled third party apps

QuickType improvements
Multi-Touch gestures for easier text selection on iPad
Quick access to text editing tools with Shortcut Bar on iPad
Support for hardware keyboard shortcuts
Support for all Unicode emoji flags

Built-in Apps

Map improvements
Support for public transit lines, station details with exits and entrances, schedules and directions in select major cities
Browse for places around you by category, including Food, Drinks, Shopping, Fun and more
Apple Pay support is indicated on place cards at participating retail locations
Place cards include Wikipedia information for landmarks and cities

Redesigned Notes app
Add photos to your notes with the built-in camera or from your Photo Library
Create useful checklists and check off completed items with a tap
Sketch a quick thought using just your finger
Save interesting items directly from other apps using the Share menu

All-new News app
Read your favorite newspapers, magazines, and blogs, or choose from over a million topics
Beautiful typography and layouts, photo galleries, videos, animations, and more
Browse articles that are chosen based on your interests in For You. Find channel and topic recommendations in Explore. News gets more personalized the more you read
Easily share articles with friends or save them to read later — even when you’re offline

Mail improvements
Search improvements help you quickly find what you’re looking for by filtering results based on sender, recipient, subject or a combination of options
Support for Markup lets you annotate an image or PDF attachment with text, shapes and even your signature, then send it back — without leaving Mail
Easily save the attachments you receive or add files from iCloud Drive or other document providers while composing a new message

Apple Pay and Wallet improvements
Support for Discover cards
Support for rewards cards and store credit and debit cards
To check out even faster, you can prepare an upcoming payment by double-clicking the Home button from the Lock Screen and keeping your finger on Touch ID

New iCloud Drive app
Easily search for a file or browse in the new iCloud Drive app by date, name, or tags you added on your Mac
Open files in any compatible app or share with those you choose
Organize folders and files
Get the iCloud Drive app in Settings > iCloud > iCloud Drive and select Show on Home Screen

CarPlay improvements
Plays back audio messages, letting you hear from people in their own voices
Full support for car knob controls, so you can tilt and spin to scroll through lists or pan around in Maps
Support for CarPlay apps from auto manufacturers

Foundation

• Longer battery life
◦ Up to one hour of additional time before you need to charge your battery
◦ Facedown detection for turning display off when not in use
◦ Low power mode optimizes device performance to extend battery by up to an additional three hours
• Software updates require less space to download and offer an option to install later
• iOS apps and user interface now use Metal to deliver faster scrolling, smoother animation, and better overall performance
• Improved security with two-factor authentication support and a default 6 digit passcode support for Touch ID devices

Other improvements

• New San Francisco system font
• Leave a message option if recipient isn’t available for a FaceTime call
• Share voicemails from the Phone app using the share sheet
• Flight and package tracking for data detectors
• Health app adds support for reproductive health, UV exposure, water intake and sedentary state data types
• HomeKit adds support for motorized windows and shades, motion sensors and home security system accessories
• Podcasts has an all-new design, makes it easy to find the latest episodes of your favorite shows and notifies you when new episodes become available for you
• Support for Wi-Fi calling on iPad, iPod touch and Mac, without iPhone in proximity on participating carriers
• Wi-Fi Assist to automatically use cellular data when Wi-Fi connectivity is poor
• Transfer content from an Android device with the Move to iOS app, visit http://www.apple.com/move-to-ios for more details

Expanded language support

• New PingFang Chinese system font
• Improved predictions, learning and autocorrection for Chinese in QuickType
• Redesigned punctuation input on 10-key Chinese keyboard
• Redesigned User Interface for right-to-left languages
• Added Siri support for Austria, Belgium (French and Dutch), and Norway
• Added Spotlight search support for Mexico
• New keyboards for French (Belgium), German (Austria), Gujarati, Hindi (Transliteration), Hinglish, Punjabi, Spanish (Mexico), and Telugu
• Predictive input for French (Belgium), German (Austria), Korean, Russian, Spanish (Mexico), and Turkish
• Dictation support for Dutch (Belgium), English (Ireland, Philippines, South Africa), French (Belgium), German (Austria), and Spanish (Chile, Colombia)
• Spell check for Finnish and Korean
• Definition dictionary for Hindi, Norwegian and Swedish
• Bilingual dictionary for French-English and German-English
• New Japanese autocorrection and improved predictions and learning in QuickType
• Option to switch between number systems for Arabic and Hindi

Enterprise & Education

• Assign apps directly to iOS devices without needing to have an iTunes Store account configured
• Improved calendar reliability for customers using Microsoft Exchange ActiveSync v16
• Expanded Per App VPN support for the built-in IPSec and IKEv2 VPN clients
• New networking controls for managed apps to help limit international data roaming costs
• New restrictions to prevent changes to passcodes, device names and wallpapers, or to disable AirDrop on managed devices
• Third party app extension support for VPN, advanced content filtering, and captive Wi-Fi networks

Accessibility

Touch Accommodations provides additional touch control for those with physical motor limitations
Switch Control Recipes to customize features or create your own
Support for Siri Voices for VoiceOver users
Additional customization of AssistiveTouch
Hardware keyboard support for Key Repeat, Slow Keys and Sticky Keys
Improved MFi hearing aid audio routing to choose where audio is played

Author: သက်နိုင်စိုး

Original link - http://www.myanmarmobileapp.com/author/mdymyanm/



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။

Read More »

Monday, September 14, 2015

Download Honor 4X (UL00) B262/B362 EMUI 3.0 Stable Update




Honor 4X ( UL00 ) B262 / B362 တို့ကို EMUI 3.0 Stable Update လုပ်နိုင်ရန် ပြန်လည် မျှဝေ ပေးလိုက် ပါတယ်။

တောင်းဆိုထား သူများနဲ့ အတူ လိုအပ်နေသူများ အားလုံး အောက်ကလင့် ကနေ Download ရယူ လိုက်ကြ ပါအုံး ခင်ဗျာ။

Firmware Details

1. B262
  • Device Name: Honor 4X/Glory 4X (Unicom Standard Version)
  • Model: Che2-UL00
  • Android: v4.4.2 KitKat
  • Firmware: B262
  • Build Number: V100R001CHNC00B262
  • EMUI: 3.0
  • Date: 19-01-2015
  • Region: China
  • Type: Stable
  • Status: Official
  • File Name: Che2_EMUI3.0_Android4.4_V100R001CHNC00B262.zip
  • MD5 Hash: 7B8956D0F8748FE8F63FE4DB6843AB77

Download For B262

2. B362
  • Device: Honor 4X/Glory 4X (Unicom Advance Version)
  • Model: Che2-UL00
  • Android: v4.4.2 KitKat
  • Firmware: B362
  • Build Number: V100R001CHNC00B362
  • EMUI: 3.0
  • Date: 19-01-2015
  • Region: China
  • Type: Stable
  • Status: Official
  • File Name: Che2_EMUI3.0_Android4.4_V100R001CHNC00B362.zip
  • MD5 Hash: B681C4AC46B0DE8BDF3EEE19C2EEAAB3

Download For B362

How to Flash

After downloading the appropriate firmware on your PC, extract the “Update.app” file from it.
Connect your phone over USB in mass storage mode and make sure the SD Card is formatted in FAT32 system.
Transfer the Update.app package to the “dload” directory of your SD Card.
Disconnect the USB cable and power off the phone.
Reboot into SD Upgrade Mode by holding Volume Down + Volume Up + Power buttons simultaneously.
Wait for the phone to trigger the upgrade. It’ll take a few minutes to complete.
Once you get “OK” boot your phone normally and enjoy the update.

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

Original link - https://www.facebook.com/ko.htoo.3323



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Monday, August 24, 2015

Samsung SHV-E160L / K / S အတွက် version 4.1.2 Firmwares




Samsung SHV-E160L / K / S တို့အတွက် Firmware လိုအပ်လို့ တောင်းထားတဲ့ အကို တစ်ယောက် အတွက် ပြန်တင်ပေး လိုက်ပါတယ်။ mediafire link လေးနဲ့ ဆိုတော့ Resume အတွက်လဲ အဆင်ပြေ ပါတယ်။

အောက်ကလင့်တွေမှာ Download ရယူလိုက်ပါ။

SHV-E160K >>> http://www.mediafire.com/download/3bc6982m7e23dln/E160KKKJMC3+Android+4.1.2.rar
SHV-E160L >>> http://www.mediafire.com/download/xj258aw3179xh25/E160LKLJMA3+Android+4.1.2.rar
SHV-E160S >>> http://www.mediafire.com/download/xj2j0hf2229co47/E160SKSJMH2+Android+4.1.2.rar

အဆင်ပြေပါစေ။

Ko Htoo ( MMAS )

Original link - https://www.facebook.com/ko.htoo.3323



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Monday, May 11, 2015

Upgrade for Android™ Go Next




သင့်ဖုန်း တွေကို ဗားရှင်း မြှင့်ပေးနိုင်တဲ့ - Upgrade for Android – Go Next ဗားရှင်း အသစ် လေးပါ ဖုန်း firmware, Cpu, Ram စတာ တွေကို ဗားရှင်း မြှင့်ပေး နိုင်လို့ ဘော်ဒါတွေ အသုံး တည့်မယ့် ဆော့ဝဲ ကောင်း လေးပါ အောက်မှာ ဒေါင်းပြီး သုံးနိုင်ပါတယ်။

Description
Upgrade for Android™ Go Next: An essential app to detect your smartphone/tablet specifications and check if you can upgrade or update it to a new version of Android™ OS firmware.

★★ More than 6 MILLION downloads!! ★★

This application is capable test your device and determine if it is capable to run the most recent android firmware, and you can use it to test your system for each android version as far as CPU frequency, RAM and Internal Memory.

You can also learn about each type of operating system and determine the one that is most appropriate for your needs, so that you can upgrade or update your android firmware in your device.

It's a fast, simple and well designed app to guide you to an android firmware upgrade.

Features firmware:
★ Android™ Lollipop, version 5.0;
★ Android™ Kitkat, version 4.4;
★ Android™ JellyBean, version 4.2;
★ Android™ IceCream, version 4.0;
★ Android™ Honeycomb, version 3.0;
★ Android™ Gingerbread, version 2.3;
★ Android™ Froyo, version 2.2;
★ Android™ Eclair, version 2.1;
★ Android™ Donut, version 1.6;
★ Android™ Cupcake, version 1.5;

Also useful to detect your current android version firmware, detect RAM and Internal Memory available in your device. The ultimate upgrade tool advisor.

Try it! It's free!

Android™ is a trademark of Google Inc.
The Android robot is reproduced or modified from work created and shared by Google and used according to terms described in the Creative Commons 3.0 Attribution License.




Additional information
  • Updated : May 6, 2015
  • Size : 3.4M
  • Current Version : 1.5.5
  • Requires Android : 2.3 and up

အောက်ကလင့်တွေမှာ အဆင်ပြေမဲ့ လင့် တစ်ခုမှ ဒေါင်းယူ နိုင်ပါတယ်။

play.google.com
OR
1mobile.com
OR
userscloud.com



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Monday, April 20, 2015

OPPO ဖုန်း အား လွယ်ကူစွာ Firmware တင်နည်း ( No Need Computer )




မင်္ဂလာပါ

သည်တခါတော့ ကျွန်တော် လေ့လာ သိရှိ သလောက် နည်းပညာလေး တွေထဲက မိုဘိုင်း လောကမှာ ထိုးဖောက် ၀င်ရောက် လာပြီး ထိုင်းနိုင်ငံမှာ Samaung ပြီးရင် Android Os စမတ်ဖုန်း ထဲမှာ ဒုတိယ ရောင်းအား အကောင်းဆုံး ဖြစ်တဲ့ OPPO ဖုန်းတွေကို ဘယ်လို ဖန်းဝဲလ် တင်ကြမယ်ဆို တဲ့ နည်းလမ်း လေးကိုဘဲ ရေးသား မျှဝေသွားမှာ ဖြစ်ပါတယ်..။

ဒါကြောင့် Oppo ဖုန်း အသုံး ပြုသူများ အတွက် အထူး ရည်ရွယ်ကာ သည်နည်းလမ်း လေးကို ကျွန်တော် ရေးသား မျှဝေ လိုက်ပါတယ်။

OPPO စမတ်ဖုန်းများ ကတော့ အရင်က Normal Rom များနဲ့ မတူဘဲ ယခုအခါ မှာတော့ Color Os Rom များ ကို အသုံး ပြုလာ ကြပြီ ဖြစ်တာကိုတွေ့ ရပါမယ်။

(ဥပမာ --Find 5 စထွက် စဉ် က Normal rom ပါ၊ ယခု အခါ မှာတော့ Color Os အဖြစ် အရောင်းဆိုင် များမှာ ရှိနေတာကို တွေ့မြင် ကြရမှာ ဖြစ်ပါတယ် ) Color Os များမှာ များသော အားဖြင့် မြန်မာ (ဗမာ) ဘာသာ စကား ပါဝင် လာတာတွေ့ ရပါတယ်။

Color Os များ မှာ ထူးခြားတဲ့ Feature သစ် များစွာ ပါရှိလာပြီး သုံးရတာ သွက်လက် မြန်ဆန် လာတာမို့ OPPO သုံး သူငယ်ချင်းများ အနေဖြင့်
လက်ရှိ Normal Rom ဖြစ်ပါက Color Os Rom များသို့ update လုပ် သုံးသင့် ပါသည် ဆိုတာကို ဦးစွာ အကြံပြု လိုက်ခြင်း ဖြစ်ပါတယ်..

oppo ဖုန်းများဟာ rom / firmware များကို တခြား ဖုန်းတွေလို flash tool များနှင့် Computer မလိုဘဲ မိမိတို့ ဖုန်းထဲ မှာတင် update / install လုပ်လို့ ရတာမို့ လွယ်ကူ စေပြီး ပိုပြီး အဆင်ပြေ စေပါတယ်။

Update လုပ်မယ် ဆိုရင် အောက်မှာ ဖော်ပြ ထားတဲ့ အတိုင်း လုပ်ဆောင် လိုက်ပါနော်...

သတိ ပြုသင့် တာလေးကို ပြောပါမယ် ၊၊ ၊၊ Color Os Rom မှ Version မြင့် Color Os Rom သို့ မြှင့်ပါက ပြသနာ မရှိသော်လည်း Normal Rom မှ Color Os Rom သို့ update လုပ်လျှင် တော့ဖြင့် storage ကို အလို အလျှောက် Format လုပ်မှာကြောင့် User data များ ပျက်ပါမည် (လိုအပ်လျှင် external SD မှာ backup လုပ်ထား သင့်ပါတယ်)
ဖုန်း model အလိုက် သက်ဆိုင်ရာ rom များ ကို အောက် ဖော်ပြပါ ဆိုက်များမှ download လုပ်ပါ။

(oppo logo မှာ ရပ်နေပြီး firmware သေနေတဲ့ ဖုန်းများလဲ ဒီ အဆင့်များ အတိုင်း ပြုလုပ်နိင် ပါတယ်)

OPPO FIRMWARE Colour/ Normal တို့ကို အောက်ကလင့်တွေမှာ ဒေါင်းယူနိုင် ပါတယ်။

OPPO FIRMWARE DOWNLOAD
And
OPPO OS Colour / Normal

ပေးထားတဲ့ ဆိုဒ်တွေမှာ oppo official update Rom/firmware များကို download ယူဖို့ အကောင်းဆုံး website တခု ဖြစ်ပါတယ်။

ဒီဆိုဒ်မှာတော့ color OS Rom နဲ့ Normal Rom ကို၂ မျိုး ခွဲပေး ထားပါတယ်) ဒေါင်းမယ် ဆိုလည်း အရမ်း လွယ်ကူပါတယ်.. ဖန်ဝဲလ်ထဲက မိမိဖုန်း မော်ဒယ် လိုက် ဖန်ဝဲလ် ကို ကလစ်လိုက်ပါ အောက်နားမှာ ကျလာတဲ့ မိမိဖုန်း ဖန်ဝဲလ် Download ဆိုတာလေး ကလစ်တာနဲ့ OneClick Downlaod ကျလာမှာ ဖြစ်ပါတယ်... တကယ် လွယ်ကူ ပါတယ်..

Oppo Firmware တင်ခြင်း

မိမိတို့ ဒေါင်းလော့ ယူခဲ့သော Firmware Zip ဖိုင် ကို ဖုန်းရဲ့ SD card မှာ ကူးထား လိုက်ပါ။
နောက်ဖုန်း ပါဝါ ပိတ်ပါ၊ ဖုန်းရဲ့ ဘေး ဘယ်ညာတွင် ရှိသော (vol down+power button) အသံတိုးတဲ့ ခလုပ်နဲ့ ပါဝါ ခလုပ်ကို တွဲနှိပ်ပြီး Recovery mode ဝင်ပါ ..



Recovery mode ဝင်ရောက်နေတဲ့ အချိန်မှာ လက်ရှိ မိမိ ဖုန်းဟာ Normal Rom ဆိုရင် vol အထက် အောက် ကီးနဲ့ ရွေ့ပြီး apply update from sdcard ကို power ခလုတ် ကို နှိပ် ရွေးချယ်ပါ။ ပြီးလျှင် sd ကဒ် အတွင်း ကူးယူ ခဲ့ပြီးသော firmware / rom... zip ဖိုင် ကို ရွေးချယ် install လုပ်ပါ...


Firmware update ကို စတင်ပြီး ၁ မိနစ် ခန့် အကြာ Auto Reboot နဲ့ ဖုန်းပြန် ပွင့်လာရင် Firmware update လုပ်ပြီးသော ဖုန်းတလုံးကို စတင် သုံးနိုင်ပါပြီ...
(Nomal မှ Color သို့ မြှင့်ပါက အချိန် အနည်းငယ် ကြာတတ် ပါတတ်ပါတယ်)

Color Os Rom မှ Update Color Os Rom

Color Os Rom မှ Update Color Os Rom သို့ version မြှင့်သုံး ပါက ပုံမှာ ပြထားတဲ့ အတိုင်း Recovery mode ရဲ့  Select Language မှာ English ကို ရွေး ခဲ့ပါ..
Install from sd မှ From sd သွားပြီး copy လုပ်ထား ခဲ့ပြီးသော firmware / rom...zip ဖိုင်ကို ရွေးချယ် install လုပ်ပါ...အောက်ကပုံလေးတွေ အတိုင်းပေါ့



မိမိတို့ Firmware update ကို စတင် Install လုပ်အပြီး ၁ မီးနစ် ခန့် အကြာ Power off နဲ့ Reboot လုပ်ဖို့ ပြောပါ လိမ့်မယ် ဒါဆိုရင်တော့ မိမိတို့ အနေနဲ့ Reboot လုပ်ပါ။ ဖုန်းပိတ်ပြီး ပြန်ပွင့်လာရင် Color Os အဖြစ် Firmware update လုပ်ပြီးသော OPPO ဖုန်းတစ်လုံးကို တွေ့မြင်နိင်မှာ ဖြစ်ပါတယ်..

ကဲ ... အားလုံး အဆင်ပြေ ကြလိမ့်မယ်လို့ မျှော်လင့်ရင်း နည်းပညာလေး တွေကို ဆက်လက် လေ့လာပြီး ပြန်လည် မျှ ဝေ နေပါမည် ...

ဘလော့ခရီးသည် ( မျှဝေသူ )

by ဘလော့ခရီးသည်
http://www.aungsanmks.com/2015/04/oppo-firmware-no-need-computer.html



  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Saturday, April 18, 2015

Upgrade for Android Pro Tool




သင့် ဖုန်းကို ဗားရှင်း မြှင့်ပေးနိုင်တဲ့ - Upgrade for Android Tool လေးပါ ဗားရှင်းနိမ့်တဲ့ ဖုန်းတွေကို ဗားရှင်း အမြင့် ပြောင်းပေး နိုင်တဲ့ ကောင်လေးပါ

အသုံးပြု ရတာလည်း လွယ်ကူပြီး သုံးရတာ အဆင်ပြေ စေတဲ့ ဆော့ဝဲ လေးပါ။

Description
Upgrade for Android™ Pro Tool Apps: Essential app to detect your smartphone/tablet specifications and upgrade or update it to a new version of Android™ OS firmware.

This application is capable to test your device and determine if it has the minimum requirements to run the most recent android firmware, and you can use it to test your system for each android version for the required CPU frequency, RAM and Internal Memory. It checks if your device is rooted and updated.

You can also learn about each type of operating system and determine the one that is most appropriate for your needs, so that you can upgrade or update your android firmware in your device.

Root checker: It can detect if your device is rooted or unrooted.

It's a fast, simple and well designed app to guide you to an android firmware upgrade. Essential to users that want to update their system.

"Best new tool app for this year. Simplicity makes great things." November,2014 - AppReviews Magazine
"It makes something that is hard, very very simple. And that's what we all want, goes to the root of the problem." November,2014 - Appsintally

Features firmware:
★ Android™ Lollipop, version 5.0;
★ Android™ Kitkat, version 4.4;
★ Android™ JellyBean, version 4.1 / 4.2 / 4.3;
★ Android™ IceCream, version 4.0;
★ Android™ Honeycomb, version 3.0;
★ Android™ Gingerbread, version 2.3;

Also useful to detect your current android version firmware, detect RAM and Internal Memory available in your device, as well as root check. The ultimate upgrade / update tool advisor.

What's New
  • v1.1.0
  • System detailed info added




Additional information
  • Updated : January 4, 2015
  • Size : 3.0M
  • Installs : 500,000 - 1,000,000
  • Current Version : 1.1.3
  • Requires Android : 2.3.3 and up

play.google.com
OR
1mobile.com
OR
usersfiles.com


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »

Saturday, April 04, 2015

Clock Work Mod Recovery အကြောင်း သိကောင်းစရာ




CWM အကြောင်း ရေးဖို့ စဉ်းစားတော့ ကျွန်တော် တော်တော် လက်တွန့်နေ ပါသေးတယ်။ ဘာလို့လဲ ဆို တော့ ကျွန်တော်က Technician တစ်ယောက် မဟုတ် လို့ပါ။ CWM အကြောင်း ပြောလိုက်ရင် အဆင် မပြေဖြစ် ရတဲ့ ကျွန်တော့ အတွေ့ အကြုံတွေ ကြောင့် လဲ ပါပါတယ် နောက် တခုက CWM သုံးပြီး နောက်ပိုင်း အမှားတွေ လုပ်မိရင် ဖုန်း FirmWare တစ်ခုလုံး ပျက်သွားနိုင် တာတွေကြောင့် လဲပါတယ်။ ဒါပေမဲ့ တယောက် ယောက် အတွက် အကျိုးရှိ မလား ဆိုပြီး ရေးလိုက် ပါတယ်။

CWM – ClockWorkMod Recovery ဆိုတာက Phone တစ်လုံးကို System Level Manage လုပ်ဖို့ အလွန် အသုံး ဝင်တဲ့ နည်း တစ်ခုပါ။ ပုံမှန် အားဖြင့် Android ဖုန်းတိုင်းမှာ စပြီး ထုတ် လိုက်တုန်း ကတည်းက Recovery တစ်ခုက ပါပြီးသားပါ။ Stock Recovery လို့ ခေါ်ကြ ပါတယ်။ အဲဒါနဲ့ ROM Update လုပ်တာလို လုပ်ငန်းတွေမှာ သုံးလို့ ရပါတယ်။ ဒါပေမယ့် Stock ROM မှာပါတဲ့ system level application တွေ function တွေ ကိုပြောင်းလဲ ချင်လာပြီ ဆိုရင် Stock Recovery နဲ့ မရတော့တာ များပါတယ် ဒါကြောင့် CWM ကို သုံးရတာပါ။ ယျေဘုယျ အားဖြင့်တော့ CWM သုံးဖို့ Bootloader Unlock And/Or Root လုပ်ထားဖို့ လိုပါတယ်။

Android ဖုန်းတလုံးကို Boot စလုပ် ချိန်မှာ Normal, Bootloader And Recovery ဆိုပြီး သုံးမျိုး လုပ်နိုင် ပါတယ်။ Normal ကတော့ Phone ကို ပုံမှန် အတိုင်း ဖွင့်တာပါ။ Bootloader ဆိုတာတော့ PC ကနေပဲ Control လုပ်ရတဲ့ Recovery လိုFunction မျိုးပါပဲ အဲဒါ အတွက် Fastboot ဆိုတဲ့ Application လေးကို သုံးကြတယ်။ Recovery ကတော့ အထက်က ပြောထားတဲ့ Mood ပါ။

CWM install လုပ်မယ် ဆိုရင် ၂ နည်း ရှိပါတယ်။ ROM Manager လို Application မျိုးနဲ့ Android Phone ကနေတင်ပဲ Install လုပ်နိုင်သလို Bootloader ထဲဝင်ပြီးတော့ PC ကလဲ Install လုပ်နိုင် ပါတယ်။

ROM Manager ကို သုံးမယ် ဆိုရင် Internet Connection လိုတဲ့ အပြင် ဖုန်း Model အားလုံး အတွက်လဲ မရပါဘူး။ Huawei ဖုန်းတွေ အတွက် တော့ ဒုတိယ နည်းက ပို အသုံး ဝင်ပါတယ်။

Notice: မိမိစက်နဲ့ မကိုက်တဲ့ Recovery ကို Flash လုပ်မိရင် Recovery ကို ဝင်မရ ဖြစ်တတ် ပါတယ်။ ကံကောင်း တာက အများ အားဖြင့်တော့ ဖုန်းကို ပုံမှန် သုံးလို့ ရသေး သလို Bootloader ကနေလဲ တခြား Recover ကို ပြန် Flash လုပ်နိုင် ပါသေးတယ်။

Bootloader သုံးပြီး Recovery ထည့်မယ် (Flash လုပ်မယ် ဆိုရင်) ပထမဆုံး FastBoot Tool ရှိရ ပါမယ်။ ပြီးရင် ကိုယ့် Device အတွက် Recovery Image ရှိရပါမယ်။ ပြီးရင်တော့ Fastboot flash recovery recovery.img ဆိုတဲ့ Command ကို Command Line ကနေ Run ရမှာပါ။

အဲဒီ လုပ်ငန်း စဉ်ကို ကိုယ်တိုင် မလုပ်ချင် သူတွေ အတွက် Ready-Made လုပ်ထားတဲ့ Package လေးတွေ Download လုပ်နိုင် ပါတယ်။ အဲဒီ package တွေ ထဲမှာ fastboot.exe, recovery.img နဲ့ Batch File လေး တခုပါ ပါတယ်။ Install လုပ်ဖို့ အတွက် Phone ကို Bootloader Mode နဲ့ ဝင်ပြီးတော့ USB ကြိုးတပ်ပြီး Batch File လေးကို run လိုက်ရုံ ပါပဲ။

Success ဖြစ်သွားရင် Phone ကို Reboot လုပ်ရ ပါမယ်။ ပုံမှန် သမားတွေ အတွက် ကိုတော့ Battery ဆွဲဖြုတ် ၅ စက္ကန့်စောင့် ပြန်တပ်ပြီး ပြန်ဖွင့်ပါ။

Command Line သမားတွေ အတွက်တော့ Fastboot reboot ပေါ့။

CWM Functions
reboot system now : ဖုန်းကို Reboot ပြန်လုပ်မှာပါ
apply update from sdcard :: သင့်ဖုန်းရဲ့ SD ထဲမှာ update.zip ကိုထည့်ပြီး ROM Update လုပ်နိုင်ပါတယ်။
wipe data/factory reset :: ဖုန်းကို မူလ အတိုင်းပြန်ဖြစ်အောင် ထပ်ထည့် ထားတဲ့ app တွေ data တွေ setting တွေ အကုန် ဖျက်ပစ်ဖို့ပါ။
wipe cache partition :: cache ဖိုင်တွေကို ရှင်းထုတ်မှာပါ။
install zip from sdcard :: ဒါက Flashable Zip တွေ တနည်း အားဖြင့် System Application တွေကို Install လုပ်ဖို့ပါ။
backup and restore :: ဖုန်းကို Complete BackUp Restore လုပ်နိုင် ပါတယ်။
mounts and storage
advanced
power off

CWM ထဲက လုပ်တဲ့ Function တွေက အလွန် အရေးကြီးလို့ မိမိ နားမလည် တာကို လက်တည့် မစမ်းစေ ချင်ပါဘူး။ ကိုယ် ဘာလုပ်နေ လဲဆိုတာ ကိုယ်သိဖို့ လိုပြီး တခုခု အမှား အယွင်း ဖြစ်ရင် ကိုယ်တိုင်ရဲ့ တာဝန် သာဖြစ် တယ် ဆိုတာ လေးတော့ ကြို သတိပေး ပါရစေ။

https://giantdroid.wordpress.com

Read More »

Monday, March 30, 2015

ဖုန်း Brands အားလုံး အတွက် Official Firmware များကို တစ်နေရာ တည်း ရယူနိုင်




မင်္ဂလာပါ
ကျနော် ဒီပိုစ့် လေးကို ရေးပေး ချင်နေ ခဲ့တာ ကြပါပြီ ဖုန်းကလိ သူများနဲ့ ဖုန်း Service သမားတွေ အတွက် တကယ် လိုအပ်မယ် ထင်လို့ အားလုံး အတွက် တင်ပေး လိုက်ပါတယ်။

ကျနော်လည်း Huawei ဆိုင်ရာ Firmware တွေကို လိုက်ရှာရင်း တွေ့မိ တာလေးပါ အကောင့် အသစ် တစ်ခု ဖွင့်ပြီး ဒေါင်းလော့ ရယူ ကြည့်တော့
အရမ်း အဆင်ပြေတာ တွေ့ရပါတယ်၊ လိုင်း အသင့်အတင့် လေးကောင်း ရုံနဲ့ ကိုယ်လိုချင်တဲ့ Firmware Rom လေးကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဟိုတစ်လော တုန်း ကလည်း ကျနော် www.sammobile.com မှာ အကောင့် တစ်ခု အလွယ်တကူ ဖွင့်ယူပြီး Samsung Official ရဲ့ Firmware အားလုံးကို
လိုသလောက် ဒေါင်းလော့ ယူနိုင်ပါပြီ ဆိုပြီး တင်ပေး ထားခဲ့ ဖူးပါတယ်။

တကယ်လို့ Samsung Firmware Rom အတွက် သီးသန့် ဖြစ်ချင် ရင်တော့ Official ချပေးနေ သမျှ Rom များကို အကုန် ရယူချင်တယ် ဆိုရင်တော့
www.sammobile.com မှာ အကောင့် တစ်ခု ဖွင့်နည်းနဲ့ ဒေါင်းလော့ ရယူနည်းကို အောက်ကလင့်မှာ ၀င်လေ့လာ ကြည့်လိုက်ပါ။

အကောင့် တစ်ခု အလွယ်တကူ ဖွင့်ယူပြီး Samsung Official ရဲ့ Firmware အားလုံးကို လိုသလောက် ဒေါင်းယူနိုင်

အခုကျနော် တစ်ဆင့်ပြန်လည် မျှဝေသွားမှာ ကတော့ http://www.needrom.com မှာ အကောင့် အသစ် တစ်ခု ဖွင့်ပြီး ဖုန်း Brands အားလုံး အတွက်
Official Firmware များကို တစ်နေရာတည်း ဒေါင်းလော့ ရယူနိုင့်မယ် နည်းလမ်းလေး ဖြစ်ပါတယ်။ အောက်မှာ ဆက်လေ့လာ ကြည့်လိုက်ပါ။

www.needrom.com မှာ အကောင့် တစ်ခု အလွယ် ဖွင့်နည်း

အရမ်း လွယ်ပါတယ် ခင်ဗျား လိုင်း အသင့်အတင့် ကောင်းနေရင် အကောင့် ဖွင့်ခြင်း ကိစ္စ စတင်လို့ ရပါပြီ။

၁။ ပထမဆုံး သင့်မှာ Gmail account တစ်ခုတော့ ရှိထား ရပါမယ်။ ပြီးရင် အကောင့် ဖွင့်ရန် အတွက် http://www.needrom.com ဆိုတာကို တစ်ချက် နှိပ်လိုက်ပါ။

၂။ အကောင့် အသစ် တစ်ခုဖွင့်ရန် အတွက် အောက်က ပုံအတိုင်း Register ဆိုတာကို တစ်ချက် နှိပ်ပါ



၃။ Register ဆိုတာကို နှိပ်ပြီးလို့ အောက်က ပုံအတိုင်း ပေါ်လာခဲ့ ရင်တော့ အကောင့် အသစ်ဖွင့် ဖို့ရန် Register Option ရဲ့အောက်မှာ

  • Username: နေရာမှာ မိမိ အသုံးပြု လိုတဲ့ နာမည် တစ်ခုခုကို ရေးပါ။
  • Email: နေရာမှာ မိမိ အသုံးပြု နေတဲ့ (သို့) အသုံးပြု လိုတဲ့ Gmail ကို ထည့်ပေး လိုက်ပါ။
  • Type the two words: ဆိုတဲ့ နေရာမှာ အပေါ်က ပေးထားတဲ့ စာလုံးတွေကို အမှန်ရိုက် ထည့်ပေး လိုက်ပါ။
  • အားလုံးပြီးရင်တော့ Create Account ဆိုတာကိုနှိပ်လိုက်ပါ။


၎။ Create Account အောင်မြင် ရင်တော့ အောက်က ပုံအတိုင်း ပြနေပါ လိမ့်မယ်။ Login ရဲ့အောက် Check your email for your new passoword
ဆိုတာ ပြနေ ပါလိမ့်မယ်၊ အဲဒါက မိမိ အကောင့် အသစ်ဖွင့် လိုက်တာကို Verify ဖြစ်ဖို့ရန် အတွက် Gmail ကို စစ်ဆေး ရဦးမှာ ဖြစ်ပါတယ်။

Username နဲ့ Password နေရာမှာ အသစ် ဖွင့်ထားတဲ့ နာမည်နဲ့ Password ကို မထည့်ပေး သေးပဲ ဒီအတိုင်း ခန ထားလိုက်ပါ၊ အရင် ဦးဆုံး Gmail ကို စစ်ဆေးဖို့ရန် အတွက် မိမိ Gmail ကို သွားလိုက်ပါ၊


၅။ Gmail သို့ရောက်တဲ့ အခါ Inbox ထဲမှာ Register တင်တုန်းက ထည့်ပေး ထားခဲ့တဲ့ နာမည်နဲ့ Password ကို Needrom Official ကပို့ပေး ထားပါ လိမ့်မယ် တန်းပို့ပေး ပါတယ်။

Official ကပို့ပေး လားတဲ့ Password က ယာယီ အနေဖြင့် အသုံးပြု ရန်သာ ဖြစ်ပါတယ် Password ကို မိမိစိတ်ကြိုက် ရွေးထား ချင်တယ် ဆိုရင်တော့
You can change the password in My Dashboard>User Options>Edit profile နေရာကို သွားပြီး ပြောင်းယူနိုင် တယ် ဆိုတာကို ပြပေးနေ ပါလိမ့်မယ်။

အခု Official ကပေး ထားတဲ့ Password ကို မှတ်ထားပါ သို့တည်းမဟုတ် Gmail ကို မပိတ်သေးပဲ ဒီ အတိုင်း ဖွင့်ထား လိုက်ပါ။



၆။ စောနားက Login Option ရဲ့အောက်မှာ Username: နေရာမှာ မိမိ အသစ်ဖွင့် ထားတဲ့ နာမည်ကို ထည့်ပေးပါ။

Password: နေရာမှာတော့ Official က ပို့ပေး ထားတဲ့ Gmail မှ Password ကို ထည့်ပေး လိုက်ပါ၊ ပြီးရင်တော့ Login ဆိုတာကို နှိပ်လိုက်ပါ။


၇။ Login ၀င်ပြီးရင်တေ့ အောင်မြင်စွာ နဲ့ပဲ www.needrom.com မှာ အကောင့် တစ်ခု ဖွင့်ပြီး ပါပြီ။ အောက်က ပုံလေးကို ကြည့်လိုက်ပါ။



၈။ ဒီတစ်ခါ Official ကပေးထားတဲ့ Password ကို ပြောင်းလိုက My Dashboard ဆိုတာကို တစ်ချက် နှိပ်လိုက်ပါ။


၉။ My Dashboard ကို နှိပ်လိုက် ပြီးရင်တော့ User Option ရဲ့အောက် Edit profile ဆိုတာကို တစ်ချက် ထပ်နှိပ် လိုက်ပါ။


၁၀။ Profile စာမျက်နှာကို ရောက်ရင်တော့ Username: နေရာ မှာတော့ မိမိ အသစ်ဖွင့် ထားတဲ့ နာမည် ပေါ်နေ ပါလိမ့်မယ်။

First Name: နေရာမှာတော့ အသစ် ဖွင့်ထားတဲ့ နာမည်ရဲ့ ရှေ့က စာလုံးကို ထည့်ပေးပါ။

Last Name: နေရာမှာတော့ အသစ်ဖွင့် ထားတဲ့ နာမည်ရဲ့ နောက်ဆုံး စာလုံးကို ထည့်ပေး လိုက်ပါ။ အောက်က ပုံကို အသေ အချာ ကြည့်ပါ။

Display Name: နေရာ မှာတော့ ဘာမှ ထပ်လုပ်ပေး စရာမ လိုတော့ပါ။

Email: နေရာမှာတော့ အကောင့် သစ်ကို Register တင်တုန်းက ထည့်ပေး ထားတဲ့ Gmail အသင့် အနေထား ရောက်နေ ပါလိမ့်မယ် ဘာမှ ထပ်လုပ်ပေး စရာမလိုပါ။

New Password: နေရာ မှာတော့ မိမိ ပြောင်း သုံးလိုတဲ့ အသစ် Password တစ်ခုခုကို ရိုက်ထည့်ပေးပါ။

Password again: နေရာမှာတော့ စောနားက New Password မှာထည့်ထား ခဲ့တာကို ပြန်ထည့် ပေးလိုက်ပါ။

Upload Avatar: နေရာမှာ မိမိ အကောင့်မှာ ပုံလေးနဲ့ ထားသုံး ချင်တယ် ဆိုရင်တော့ Browse ဆိုတာကို နှိပ်သွား လိုက်ပြီး ကွန်ပျူတာမှ ပုံ တစ်ပုံကို ရွေးပေး လိုက်ပါ။

မိမိရဲ့ Profile နေရာမှာ လိုအပ်တဲ့ နေရာတွေမှာ မိမိစိတ်ကြိုက် ပြောင်းပြီးပြီ ဆိုရင်တော့ Save Change & Verify Account စသည်ဖြင့် အောက်ဆုံးက စာတန်းကို နှိပ်ပေး လိုက်ပါ။

အရမ်းလွယ် ပါတယ် အားလုံးပဲ လုပ်တတ် ကြလိမ့်မယ်လို့ မျှော်လင့် ပါတယ်။


၁၁။ ဒီတစ်ခါ အကောင့် အသစ်လည်း Register လုပ်လို့ အောင်မြင်ပြီ Password ကိုလည်း မိမိ စိတ်ကြိုက် ပြောင်းလဲ ပြီးပြီဆို ရင်တော့ မိမိ လိုချင်တဲ့
Firmware များကို ဒေါင်းလော့ ယူနည်းကို စကြ ရအောင်ပါ။

၁၂။ Menu Bar နေရာမှာ Home ဆိုတာကို နှိပ်လိုက်ပါ၊


၁၃။ Home ကို နှိပ်လိုက် ပြီးရင်တော့ www.needrom.com မှာ အကောင့် အသစ် တစ်ခုဖြင့် မိမိ လိုအပ်တဲ့ Firmware များရဲ့ ဖုန်း Brands အားလုံး ကို အောက်က ပုံအတိုင်း မြင်နေရ ပါလိမ့်မယ်။

အခုမြင်နေ ရတဲ့ ပုံအတိုင်း ဆိုရင် ဖုန်း Brands က မစုံသေးဖူးလို့ မထင်လိုက်ပါနဲ့ ဒီပုံက ကျနော် ဖြတ်ယူပြ ထားတာလေးပါ ဖုန်းအားလုံး အတွက် အစုံ ရှိပါတယ်။

ဒီတစ်ခါ မိမိ အတွက် လိုအပ်နေတဲ့ ဖုန်း Brands ရဲ့ Logo လေးကို တစ်ချက် နှိပ်လိုက်ပါ၊ ကျနော်ကတော့ Huawei အတွက် လိုအပ်နေ တာမို့ Huawei ရဲ့
Logo လေးကို နှိပ်လိုက် ပါတယ်။



၁၄။ Huawei ရဲ့ Logo လေးကို နှိပ်လိုက် ပြီးရင်တော့ အောက်က ပုံလေးကိုသာ ကြည့်ပါ ပါးစပ် အဟောင်းသားလေး ဖြစ်နေ ပါလိမ့်မယ်။

ဘာလို့လဲ ဆိုတော့ ဒီဆိုဒ်မှာ Huawei Firmware Rom အတွက် List လုပ်ပေးထားတာ (575) Rom တောင် ရှိတယ် ဆိုပဲဗျာ။ ဒီအထဲ မှာတော့ သင့် အတွက် လိုအပ်နေတဲ့ Firmware လေးတော့ ရှိကောင်း ရှိနေမှာပါ၊ ကျနော့် အတွက်ကတော့ Ascend Mate 7 ပဲ လိုအပ်နေ တာမို့ Asend Mate 7 ဆိုတာကို တစ်ချက်နှိပ် လိုက်ပါတယ်။



၁၅။ မိမိ အတွက် လိုအပ်နေတဲ့ ဖုန်းရဲ့ Logo လေးကို နှိပ်လိုက် ပြီးရင်တော့ အောက်က ပုံလေးကို ကြည့်လိုက်ပါ၊ အခု မိမိဒေါင်းလော့ ရယူမယ့်
Firmware ရဲ့အမျိုးအစား ကတော့ Custom ဖြစ်ကြောင်း။ ပြီးတော့ Title: Ascend Mate & MT7-Uloo FIUI ဖြစ်ကြောင်း၊ Rom Version: အနေဖြင့် Rom Android Version 4.4.4 ဖြစ်ကြောင်း၊ Links: ကဒေါင်းလော့ ရယူနိုင်တဲ့ လင့်က သုံးခုတောင် ချပေးထားပါတယ်။

ဒေါင်းလော့ရယူတော့မယ်ဆိုရင်တော့ လင့်သုံးခု အနက် တစ်ခုခုကို နှိပ်လိုက်ပါ။



၁၆။ မိမိမှာ လိုင်း အသင့် အတင့် သာ ကောင်းနေ ရင်တော့ ဒေါင်းလော့ လင့်လေးကို တစ်ချက်နှိပ် လိုက်တာနဲ့ အောက်က ပုံအတိုင်း တန်းပြီး ကျလာ ပါလိမ့်မယ်။

Download File Info ထဲမှာတော့ Firmware ရဲ့ File Size က ဘယ်လောက် ရှိတယ် ဆိုတာကို အတိအကျ ပြပေး ထားပါတယ်၊

URL: နေရာမှာတော့ ဒီ Firmware ကို ဘယ်နေရာ ကနေ ရယူ လာတယ် ဆိုတာကို ပြပေးနေ ပါလိမ့်မယ်။ Connection လေးကောင်း နေရင်တော့
သင့်အတွက် လိုအပ်နေတဲ့ ဘယ် Firmware ကိုမဆို Start Download ဆိုတာကိုသာ အားရပါးရ နှိပ်ပြီး www.needrom.com မှ Official ရဲ့ Firmware တွေကို
မိမိ လိုအပ်သလောက် စိတ်ကြိုက်ရွေးပြီး ဒေါင်းလော့ ရယူနိုင် ပါပြီခင်ဗျား...။



အားလုံးပဲ အဆင်ပြေ ကြလိမ့်မယ်လို့ မျှော်လင့် ပါတယ်။

ခင်မင်လေးစားလျှက်

From : ဇူးနစ်(နည်းပညာ) www.zunite.org


  1. ဒေါင်းလော့ ဘတ်တံကို နှိပ်ပါ။
  2. ၅ စက္ကန့် စောင့် စရာ မလိုပါ။
  3. ဘာ << SKIP AD >> မှ ချိတ် မထားပါ။
  4. ချက်ချင်း ဒေါင်းလော့ဆိုဒ်ကို ရောက်ပါမည်။
  5. ကွန်နက်ရှင် နှေးသူများ အဆင်ပြေ စေရန်ရည်ရွယ် ထားပါသည်။
  6. အခက်အခဲ ရှိရင် စာလေး ရေးထား ခဲ့ပါ။
  7. မိတ်ဆွေတို့ အားလုံး အတွက် အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေး ပါမည်။
  8. ရွှင်လန်းချမ်းမြေ့ကြပါစေ...။
Read More »